Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိဘက်မှာ အင်အားပြင်း ငလျင်လှုပ်ပြီး လူ ၁၈ ဦးထက်မနည်း သေဆုံး

တရုတ်ထိန်းချုပ်ထားရာ တိဘက်ဒေသမှာ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP/Xinhua

တရုတ်ထိန်းချုပ်ထားရာ တိဘက်ဒေသမှာ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

မဂ္ဂနီကျု ၇.၀ အဆင့်ရှိတဲ့ ငလျင်ဟာ တိဘက်ကုန်းမြင့်ဒေသမှာ အောက်တိုဘာ ၂၂ ရက်နေ့က လှုပ်ခတ်ခဲ့တာပါ။ ဒေသတွင်း အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေက သေဆုံးသူ ၁၈ ဦးထက်မနည်း ရှိခဲ့ပြီး နောက်ထပ် ၃၂ ဦး ဒဏ်ရာရခဲ့ကြောင်း၊ အဲဒီထဲက ၁၁ ဦးဟာ အခြေအနေ စိုးရိမ်ရကြောင်း ပြောပါတယ်။

ကနဦး စစ်ဆေးမှုတွေအရတော့ အိမ်ပေါင်း ၃၄၀ လောက် ပြိုကျခဲ့ပြီး တခြားအဆောက်အအုံ ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။ တိဘက် အာဏာပိုင်တွေဟာ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေမှာ ကူညီဖို့ ရဲဝန်ထမ်း ၃၀ လောက်ကို ဖြန့်ကျက်ပေးထားပါတယ်။

ငလျင်ဟာ နက်ကျူတိဘက် ဒေသရဲ့ အရှေ့မြောက်ဖက် ကီလိုမီတာ ၁၉၀ လောက် အကွာကို ဗဟိုပြု လှုပ်ခတ်ခဲ့တာပါ။ ပထမငလျင်ကြီးအပြီး မရှေးမနှောင်းမှာပဲ မဂ္ဂနီကျု ၅.၂ အဆင့် နောက်ဆက်တွဲ ငလျင်တစ်ခုလည်း ထပ်လှုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တိဘက်ကုန်းမြင့် ဒေသဟာ ၁၉၀၀ ပြည့်နှစ်ကစလို့ အင်အားပြင်း ငလျင်ကြီးတွေ အခါအားလျော်စွာ လှုပ်ခတ်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ အဲဒီ ၁၂၆ နှစ်တာ ကာလအတောအတွင်း တိဘက်နဲ့ ဆက်စပ်ဧရိယာတွေမှာ မဂ္ဂနီကျု ၇.၀ နဲ့အထက် ငလျင်ကြီးတွေ ၂၉ ကြိမ် လှုပ်ခတ်ခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့ (USGS)က ထုတ်ပြန်ထားပါတယ်။

တိဘက်မှာ လှုပ်ခတ်ဖူးသမျှ အားအပြင်းဆုံး ငလျင်ကိုတော့ ၁၉၅၀ ပြည့်နှစ်တုန်းက ကြုံတွေ့ခဲ့ပြီး လူပေါင်း ၄၀၀၀ ကျော် သေကြေပျက်စီးခဲ့ပါတယ်။

တရုတ် အစိုးရပိုင် ရှင်ဟွာသတင်းဌာနရဲ့ ဖော်ပြမှုမှာတော့ အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေး ဝန်ကြီးဌာနဟာ တိဘက်မှာ နိုင်ငံတော် အရေးပေါ် အခြေအနေ သတ်မှတ်ချက် စတုတ္ထအဆင့် ထုတ်ပြန်ထားပြီး လိုအပ်တဲ့ အကူအညီတွေ ပေးပို့နေတယ်လို့ ပါရှိခဲ့ပါတယ်။

ငလျင်ရဲ့ ဗဟိုချက်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄၈၀၀ လောက်မှာ တည်ရှိပြီး လူနေကျဲပါးတဲ့ ဒေသတစ်ခုလို့လည်း သိရပါတယ်။

ကိုးကား: Bloomberg

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၂ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ဗုံးပတ်ကြဲနေတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ မနေ့ညက အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ပနားမား နိုင်ငံမှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီး နှစ်ခု လှုပ်ခတ်သွားပြီး ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ နီပေါ ဝန်ကြီးချုပ်က တိဘက် ကုန်းမြင့်ဒေသနဲ့ နီပေါနိုင်ငံကြား ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုကြီးဟာ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးအတွက် သတိပေးမှု တစ်ခုလို့ ပြောကြားသွားပါတယ်။