Connect with us

Hi, what are you looking for?

News

တန့်ဆည်မြို့နယ် လဝကဦးစီးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ

အထက်ပါ လဝကဦးစီးမှူး ပစ်သတ်ခံရခြင်းနှင့်စပ်လျဥ်းပြီး မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ဆိုခြင်းကို ထုတ်ပြန်အသိပေးခြင်း ယခုအချိန်ထိ မတွေ့ရသေးပေ။

တန့်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်​ရေးဦးစီးမှူး ဦးဝင်ဇော်သည် အစည်းအဝေးမှအပြန် သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ဦးဝင်းဇော်သည့် ယမန်နေ့(ဒီဇင်ဘာ ၂၇)နံနက် ၁၀နာရီခွဲခန့်တွင် ခရိုင်အသည်းအဝေးသွားတက်ပြီး ရွေဘိုမြို့မှအပြန်လမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ရွှေဘို-တန့်ဆည်လမ်း ကာဒီးကျေးရွာနှင့် တန်စပ်ကျေးရွာအကြား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း တန့်ဆည်မြို့နယ်ဌာနဆိုင်ရာများနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဦးဇော်ဝင်း တက်ရောက်သည့်အစည်းအဝေးမှာ ဒီဇင်ဘာ ၂၆ ရက်ကဖြစ်ပြီး အစည်းအဝေးနောက်ကျ၍ နောက်တစ်နေ့(ဒီဇင်ဘာ ၂၇)မနက် တန့်ဆည်သို့ အပြန်လမ်းတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ လဝကဦးစီးမှူး ပစ်သတ်ခံရခြင်းနှင့်စပ်လျဥ်းပြီး မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ဆိုခြင်းကို ထုတ်ပြန်အသိပေးခြင်း ယခုအချိန်ထိ မတွေ့ရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ ဂိမ်းစက် သိမ်းသွားတဲ့ ဖခင်ကို အသက် ၁၁ နှစ်အရွယ် သားဖြစ်သူက သေနတ်နဲ့ ပစ်သတ်လိုက်ကြောင်း သိရပါတယ်။