Connect with us

Hi, what are you looking for?

သတင်း

အာဆီယံအထူးကိုယ်စားလှယ် နဲ့ လူသားချင်းစာနာမှုကိုယ်စားလှယ်အဖွဲ့ မြန်မာသို့လာမယ်

ခရီးစဥ်မှာ ဖမ်းဆီးခံထားရတဲ့​ဒေါ်​အောင်ဆန်းစုကြည်နဲ့​တွေ့ရဖို့မရှိဘဲ၊လူသားချင်းစာနာအကူအညီ​ပေး​ရေးအဖွဲ့​တွေနဲ့​တောင်ကြီးမြို့မှာ​တွေ့ဖို့ရှိ​ကြောင်း Thai PBS ​ဖော်ပြ

​အောက်တိုဘာ-၂၇၊၂၀၂၆။People’s Spring

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ လူသားချင်း စာနာမှုဆိုင်ရာကိုယ်စားလှယ်အဖွဲ့တခုကိုဦးဆောင်ပြီး မြန်မာနိုင်ငံဆီ လာရောက်မယ်လို့ ထိုင်းသတင်းဌာန Thai PBS က​ဖော်ပြပါတယ်။

အမည်မဖော်လိုတဲ့သံတမန်ရေးအရင်းအမြစ်တွေက အာဆီယံရဲ့ အထူးကိုယ်စားလှယ်ဖြစ်သူ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုဟာ အောက်တိုဘာ ၂၈ နဲ့ ၂၉ ရက်နေ့တွေမှာ နေပြည်တော်ကို သွားရောက်ပြီး အာဏာသိမ်း မြန်မာစစ်တပ် ထိပ်ပိုင်း အရာရှိတွေနဲ့ တွေ့ဆုံမယ်လို့ ပြောကြားခဲ့ပါတယ်။

လာဇာရို၊ သူနဲ့အတူ လိုက်ပါလာမယ့် လူသားချင်းစာနာမှု ကိုယ်စားလှယ် အဖွဲ့တွေဟာ မြန်မာနိုင်ငံရဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ လိုအပ်ချက်တွေကို ဖြည့်တင်းနိုင်ရေးကိစ္စ အာဆီယံရဲ့ အားထုတ်မှုတွေ အထမြောက်စေဖို့ စစ်တပ်ကခန့်အပ်တဲ့ နိုင်ငံခြားရေး ဝန်ကြီး တင်မောင်ဆွေနဲ့လည်း ဆွေးနွေးမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လာဇာရိုနဲ့ လိုက်ပါလာမယ့် ကိုယ်စားလှယ် အဖွဲ့ထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်အခြေစိုက်အာဆီယံဘေးအန္တရာယ်ဆိုင်ရာ လူသားချင်း စာနာမှု အကူအညီပေးရေး ညှိနှိုင်းမှု ဗဟိုဌာန (AHA Center)ရဲ့ အဆင့်မြင့် အရာရှိတွေနဲ့ ကျွမ်းကျင်သူတွေလည်း လိုက်ပါလာမှာ ဖြစ်ပါတယ်။

လာဇာရိုနဲ့ အဖွဲ့ဟာ ရှမ်းပြည်နယ်ရဲ့ တောင်ကြီးမြို့ဆီကိုလည်း သွားရောက်မှာဖြစ်ပြီး ဒေသခံ ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်မှု ခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ့် အစီအစဉ်တော့ မပါဝင်ဘူးလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အာဆီယံနဲ့ မြန်မာစစ်တပ်ကြား မကြာသေးခင်က အပြုသဘောဆောင်တဲ့ ဆက်ဆံရေး တိုးတက်မှုတချို့ ရှိလာတဲ့နောက် လာဇာရိုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနိုင်ခြေရှိကြောင်း ထင်ကြေးတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမယ့် သတင်းရင်းမြစ်တွေကတော့ အဲဒီတွေ့ဆုံမှုမျိုး ဖြစ်မလာနိုင်ဘူးလို့ ပြောကြားထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် မြန်မာ့အကျပ်အတည်းကို ကူညီဖြေရှင်းဖို့ အာဆီယံက သတ်မှတ်ပေးခဲ့တဲ့ ဘုံသဘောတူညီချက်၅ရပ်ကိုစစ်တပ်က လိုက်နာခြင်း မရှိတဲ့နောက် အာဆီယံရဲ့ ထိပ်သီးအဆင့် အစည်းအဝေးတွေမှာ မြန်မာ့နိုင်ငံရေး ကိုယ်စားလှယ် တက်ရောက်ခွင့်တွေကို ပိတ်ပင်ထားခဲ့ပါတယ်။ အခုတော့ အဲဒီလို ဆွေးနွေးပွဲတွေမှာ မြန်မာကို ပြန်လည် ပါဝင်ခွင့် ပေးသင့် မပေးသင့် သုံးသပ်ဖို့ အာဆီယံက ညှိနှိုင်းရေး ကော်မတီတစ်ခုကိုလည်း ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေကတော့ မြန်မာစစ်တပ်ဟာ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြည့်ပြည့်ဝဝ လိုက်နာ အကောင်အထည်ဖော်မှု မရှိသေးဘူးလို့ကောက်ချက်ချထားကြပါတယ်။ အဲဒီ သဘောတူညီချက်တွေထဲမှာရန်လို အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ လူသားချင်း စာနာမှု အကူအညီတွေ ထိထိရောက်ရောက် ထောက်ပံ့နိုင်အောင်ကူညီပေးဖို့၊ သက်ဆိုင်ရာ အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်ဖို့ဆိုတဲ့ အချက်တွေ ပါဝင်နေပါတယ်။

ကိုးကား-Thai PBS

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

ဒေါ်​အောင်ဆန်းစုကြည်​ကျန်းမာ​ရေး​ကောင်မွန်ပြီး ၊အမအရင်းလို​စောင့်​ရှောက်မှုမျိုးရမည်ဟု အာဆီယံကို စစ်အုပ်စု​ပြော

သတင်း

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပြုဖို့ အာဏာသိမ်း မြန်မာ စစ်တပ်ကို ဖိလစ်ပိုင် အစိုးရက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

သတင်း

တော်လှန်ရေး အင်အားစုတွေ အပါအဝင် မြန်မာ့နိုင်ငံရေးရဲ့ ကွဲပြားစုံလင်တဲ့ အစုအဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ဆန္ဒရှိကြောင်းအရှေ့တောင်အာရှနိုင်ငံများ အစည်းအရုံး(အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင် အစိုးရက ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်က ပြောပါတယ်။

Facebook