Connect with us

Hi, what are you looking for?

သတင်း

မြန်မာဘက်မှတိုက်ပွဲ​တွေကြောင့် ကျည်ကျတဲ့အ​ပေါ် ထိုင်းနယ်စပ်ကပြည်သူ​တွေ ဆန္ဒပြ

ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျည်ဆန်များကျရောက်မှုအပေါ် မဲ့ကုကင်းဒေသရှိ ထိုင်းပြည်သူ​တွေက ဒီက​နေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဓာတ်ပုံ -​အောင်​အောင်

အောက်တိုဘာ-၂၇ ရက်၊၂၀၂၆။​နေ့သစ်/People’s Spring

ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျည်ဆန်များကျရောက်မှုအပေါ် မဲ့ကုကင်းဒေသရှိ ထိုင်းပြည်သူ​တွေက ဒီက​နေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မြန်မာ-ထိုင်းနယ်စပ် ၊မြဝတီ​တောင်ဘက် ဖလူး၊မင်းလက်ပံ ​ဒေသမှာပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်နဲ့ KNU၊PDF ပူးပေါင်းတပ်ကြား တိုက်ပွဲ​တွေဖြစ်ခဲ့ပါတယ်။ လက်နက်ကြီးကျည်လေးလုံးဟာ ထိုင်းဘက်ခြမ်းထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ၊ မဟာဝမ်ကျေးရွာအုပ်စုထဲကျရောက်ခဲ့ပါတယ်။

လက်နက်ကြီးကျည်နဲ့ လက်နက်ငယ်ကျည်​တွေဟာ မဲဆောက်မြို့နယ်၊မဲ့ကုကင်းကျေးရွာကိုကျရောက်ပေါက်ကွဲခဲ့တာ​ကြောင့် ဒေသခံထိုင်းပြည်သူအောက်တိုဘာ ၂၇ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

Public Service Announcement

Public Service Announcement

ဆန္ဒထုတ်ဖော်သူ​​တွေက နယ်စပ်ဖြတ်ကျော်ကျရောက်လာတဲ့ကျည်ဆန်​တွေကြောင့် ​ဒေသခံပြည်သူ​တွေရဲ့အသက်အန္တရာယ်နဲ့ နေအိမ်ပျက်စီးဆုံးရှုံးမှု​တွေအပေါ် စိုးရိမ်တာကြောင့်ထိုင်းအာဏာပိုင်​တွေအနေနဲ့ ပြည်သူ​တွေရဲ့လုံခြုံရေးအတွက် ထိရောက်တဲ့ အစီအမံ​တွေ ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။

ကျည်​တွေကျ​တာ​ကြောင့်လက်ရှိမှာမဲ့ကုကင်းရွာ မှမြစ်ကမ်းအနီးနေထိုင်သူအချို့ဟာ ဘေးကင်းလုံခြုံတဲ့နေရာ​တွေဆီပြောင်းရွှေ့နေထိုင်ရသလို မြန်မာရွှေ့ပြောင်းကလေးငယ်​တွေအတွက် ဖွင့်ထားတဲ့ စာသင်ကျောင်းအချို့ကိုလည်း ယာယီပိတ်ထားရတယ်လို့သိရပါတယ်။

အခုရက်ပိုင်းအတွင်းထိုင်းဘက်ကို လက်နက်ကြီးကျည်းကျတာ​ကြောင်း ထိုင်းနယ်စပ်မှနေအိမ်အချို့ ထိခိုက်ခဲ့သလို လူတစ်ဦးလည်းဒဏ်ရာရခဲ့ပါတယ်။ ကျည်ကျတာနဲ့ပတ်သက်ပြီး ​တော်လှန်​ရေးတပ်​တွေ နဲ့ စစ်တပ်ကြားအပြန်အလှန်စွပ်စွဲကြပါတယ်။​ဒေသခံပြည်သူအချို့က​တော့ စစ်တပ်က တမင်ထိုင်းဘက်ကျ​အောင်​ကျော်ပစ်ပြီး ထိုင်းအစိုးရနဲ့စစ်တပ်ကနယ်စပ်က​တော်လှန်​ရေးအဖွဲ့​တွေကို အခက်​တွေ့​အောင်လုပ်ဖို့ ရည်ရွယ်​နေတာလို့သုံးသပ် ပြောပါတယ်။

ထိုင်းဘက်ကျည်​တွေကျပြီးနောက်ထိုင်းစစ်တပ်က နယ်စပ်မှာ စစ်ကားတွေအပါအဝင်တပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ကာ စစ်ရေးအခြေအနေကိုအနီးကပ်စောင့်ကြည့်လာတာပါ။

ထိုင်းသတင်းမီဒီယာ Khaosod ရဲ့ဖော်ပြချက်အရတော့ နယ်ကျော်ကျလာတဲ့ခဲယမ်းတွေကိုကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းစစ်တပ်က အစီအမံတွေချထားတယ်လို့ဆိုပါတယ်။

အဲဒီအစီအမံထဲမှာ ထိုင်းနိုင်ငံသားတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုထိခိုက်လာမှုရှိရင်သတိပေးပစ်ခတ်မယ့်အစီအမံလည်းပါဝင်နေတယ်လို့ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယ-မြန်မာနယ်စပ်ကနေဝင်လာပြီး မြန်မာရွာဘက်ကို စစ်ကြောင်းထိုးမီးရှို့လို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်တပ်၊ ရှမ်းနီ၊ ကသည်းနဲ့နာဂပူးပေါင်းတပ်ဘက်က အရာရှိနှစ်ဦးအပါအဝင်ရှစ်ဦးသေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ထိုင်း - မြန်မာနယ်စပ်အနီး မြန်မာဘက်ခြမ်းမြဝတီမြို့နယ်အတွင်း တကျော့ပြန်ပြန်လည်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ထိုင်းပိုက်နက်ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုရှိခဲ့တဲ့အတွက် နယ်စပ်လုံခြုံရေးတိုးမြှင့်လိုက်သလိုကျည်ထပ်ကျရင်သတိပေးပစ်ခတ်မှုတွေလုပ်ဆောင်မယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်လာပါတယ်။

သတင်း

AA ကစစ်သုံ့ပန်းအချို့ဖမ်းမိပြီး စစ်တပ်က အင်အားအများအပြားဖြည့်တင်းခုခံ

Facebook