Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟက်ကာတွေ ခိုးယူသွားတဲ့ ဒေါ်လာ ၆.၃ ဘီလီယံဖိုး ခရစ္စတို ငွေကြေးတွေ ပြန်ရဖို့ Binance ကြိုးစားနေ

ကမ္ဘာပေါ်မှာ အကြီးမားဆုံး ခရစ္စတို ငွေကြေး အရောင်းအဝယ် လုပ်ငန်းစုကြီး တစ်ခုဖြစ်တဲ့ Binanceက ဟက်ကာတွေ ခိုးယူသွားတဲ့ ဒေါ်လာ ၆.၃ ဘီလီယံဖိုး ခရစ္စတို ငွေကြေးယူနစ်တွေကို ပြန်ရဖို့ ကြိုးစားနေကြောင်း ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ကမ္ဘာပေါ်မှာ အကြီးမားဆုံး ခရစ္စတို ငွေကြေး အရောင်းအဝယ် လုပ်ငန်းစုကြီး တစ်ခုဖြစ်တဲ့ Binanceက ဟက်ကာတွေ ခိုးယူသွားတဲ့ ဒေါ်လာ ၆.၃ ဘီလီယံဖိုး ခရစ္စတို ငွေကြေးယူနစ်တွေကို ပြန်ရဖို့ ကြိုးစားနေကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Binanceဟာ မြောက်ကိုရီးယား အခြေစိုက် ဟက်ကာတွေရဲ့ လက်ချက်လို့ ယူဆရတဲ့ ဆိုက်ဘာ ဖောက်ထွင်း တိုက်ခိုက်မှု တစ်ခုအတွင်း ဒေါ်လာ ၆.၃ ဘီလီယံဖိုးလောက် ခရစ္စတို ငွေကြေးတွေ ဆုံးရှုံးခဲ့ပါတယ်။ ဒါဟာ ခရစ္စတို ဖောက်ထွင်းမှု သမိုင်းကြောင်းမှာ တန်ဖိုးအများပြားဆုံး ခိုးယူခံရမှု ဖြစ်လာတယ်လို့ ယုံကြည်ရပါတယ်။

အဲဒီထဲက ဒေါ်လာ ၃ ဘီလီယံဖိုး ခရစ္စတိုငွေကြေးတွေကိုတော့ အမည်မသိ ဟက်ကာတွေက ရွှေ့ပြောင်းယူလို့ မရတော့အောင် ကြားဖြတ် ဟန့်တားထားပြီး ဖြစ်တယ်လို့ Binanceက ဆိုပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ထက်ဝက်ကျော်လောက် ခရစ္စတိုငွေကြေး ပမာဏမျိုးကတော့ ရှုပ်ထွေးပြီး အမျိုးမျိုး လမ်းကြောင်းပြောင်း လှည့်စားထားတဲ့ ဆိုက်ဘာ ရာဇဝတ်မှုထဲမှာ စာရင်းပျောက်နေဆဲ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက Binanceရဲ့ အင်ဂျင်နီယာ တစ်ယောက်ယောက်ရဲ့ laptop ကွန်ပျူတာကို မသမာသူတွေက ထိန်းချုပ် ရရှိသွားလို့ ခွင့်ပြုချက် မရှိဘဲ ငွေတွေ ထုတ်ယူသွားတာလို့ ထင်မှတ်ခဲ့ပေမယ့် တကယ်တမ်းကျတော့ ထိခိုက်မှုဟာ ထင်ထားတာထက် အများကြီး ပိုကျယ်ပြန့်နေကြောင်း စစ်ဆေး တွေ့ရှိလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နည်းပညာ လုံခြုံရေး သုတေသန အဖွဲ့တချို့ကတော့ ဒီကိစ္စဟာ Bybit ခရစ္စတို ငွေကြေး အရောင်းအဝယ် လုပ်ငန်းဆီကနေ ၂၀၂၅ ခုနှစ်တုန်းက ဒေါ်လာ ၁.၅ ဘီလီယံဖိုး ဖောက်ထွင်း ရယူသွားတဲ့ မြောက်ကိုရီးယား ဟက်ကာ အဖွဲ့နဲ့ပဲ ဆက်နွှယ်ဖွယ် ရှိနေကြောင်း သုံးသပ်ထားပါတယ်။

အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေး ဌာနကလည်း ဆိုက်ဘာ ဖောက်ထွင်းမှု ကျူးလွန်သူတွေကို ဖော်ထုတ်ဖို့၊ ပါသွားတဲ့ ငွေကြေးတွေ လွှဲပြောင်းမှုကို ဟန့်တားဖို့၊ ခြေရာခံဖို့၊ ပြန်ရဖို့ နေ့မအား ညမနား လုပ်ဆောင်နေကြောင်း ပြောပါတယ်။

Binanceကတော့ သုံးစွဲသူတွေ အနေနဲ့ ငွေကြေးတွေ ဆုံးရှုံးမှာကို စိတ်မပူဖို့ ပြောကြားထားပြီး တစ်ပြားတစ်ချပ်မှ မနစ်နာစေရအောင် တာဝန်ယူ ဆောင်ရွက်ပေးမယ်လို့ အာမခံထားပါတယ်။ အစောပိုင်းတုန်းကတော့ Binanceဟာ ခရစ္စတိုငွေကြေး အရောင်းအဝယ် ဝန်ဆောင်မှု တချို့ကို ယာယီ ဆိုင်းငံ့ထားခဲ့ပါသေးတယ်။

Binanceရဲ့ ပူးတွဲ အမှုဆောင်ချုပ် ရစ်ချတ်တန်က ကျိန်းသေတာဟာ ဒီတိုက်ခိုက်မှုကို လူပုဂ္ဂိုလ် တစ်ဦးတည်းက လုပ်ဆောင်ခဲ့တာ မဟုတ်ကြောင်း၊ ကနဦးက laptop ခိုးယူခံရတာမျိုး ပြဿနာ တစ်ခုခုကြောင့်လို့ ထင်ခဲ့ပေမယ့် နောက်ပိုင်း စုံစမ်းမှုတွေကတော့ တခြားယိုပေါက်တွေပါ ရှိနေနိုင်တယ် ဆိုတာကို ညွှန်ပြနေကြောင်း ပြောကြားသွားပါတယ်။

Binanceကို ဟက်ကာတွေက တိုက်ခိုက်မှုဟာ ခစ္စတိုငွေကြေး လုံခြုံမှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်စေပြီး အောက်တိုဘာ ၃၀ ရက်နေ့က bitcoinရဲ့ တန်ဖိုးဟာလည်း ဒေါ်လာ ၇၆၈၀၀ ထိ ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ