G20 နိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံမှာ ရုရှားနိုင်ငံခြားရေး ဝန်ကြီးနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ ငြင်းဆန်ကြမှုတွေကြောင့် အဖွဲ့လိုက် ဓာတ်ပုံစုရိုက်မယ့် အစီအစဉ် ပျက်ပြယ်သွားခဲ့ပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့တုန်းက အမေရိကန်မှာ ကျင်းပတဲ့ ညီလာခံမှာ အဖွဲ့လိုက် ဓာတ်ပုံတွဲရိုက်ဖို့ အမေရိကန်ရဲ့ အခမ်းအနား စီစဉ်သူတွေက ပြင်ဆင်ထားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဥရောပ နိုင်ငံတွေရဲ့ သံတမန် အရာရှိတွေက လက်ဗ်ရော့ဗ်နဲ့ အတူယှဉ်တွဲပြီး ဓာတ်ပုံရိုက်မှာကို ငြင်းပယ်ခဲ့ကြတာကြောင့် အဖွဲ့လိုက် ဓာတ်ပုံကိစ္စ အစီအစဉ် ပျက်သွားခဲ့ကြောင်း အမေရိကန် အရာရှိ နှစ်ဦးက အတည်ပြုခဲ့ပါတယ်။
ပုံမှန်ဆိုရင်တော့ အဖွဲ့လိုက် ဓာတ်ပုံဆိုတာဟာ ကိုယ်စားပြု တက်ရောက်တဲ့ နိုင်ငံအားလုံးက အရာရှိတွေ စုဝေးပြီး ရိုက်ကြတာ ဖြစ်ပါတယ်။ G20 ညီလာခံမှာ ရုရှားနဲ့ ဥရောပ နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေကြားမှာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး တင်းမာမှုတွေလည်း ရှိခဲ့ပါတယ်။
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အက်ဒ်မီလီဘန်းက သူ့အနေနဲ့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးကို တည့်တည့်ပဲ ပြောချင်ကြောင်း၊ ဒီစစ်ပွဲမှာ ဘယ်သူက ရန်လို ကျူးကျော်သူလဲဆိုတာ အားလုံး သိကြကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးတော့ ရုရှား အစိုးရဟာ အပြစ်မဲ့ ယူကရိန်း ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။

Public Service Announcement
G20 နိုင်ငံခြားရေး ဝန်ကြီးတွေ ညီလာခံကို အတ္တလန္တာမြို့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ကြီးမှူးပြီး ကျင်းပနေတာပါ။
တက်ရောက်လာတဲ့ နိုင်ငံတချို့ရဲ့ သံတမန်ရေး အရာရှိတွေက အဖွဲ့လိုက် ဓာတ်ပုံရိုက်မယ့် ကိစ္စမှာ မပါဝင်ချင်ကြောင်း အထင်အရှား ပြသကြတဲ့အတွက် အစီအစဉ် ပျက်ခဲ့တာလို့ အမေရိကန် အရာရှိ တစ်ဦးက ပြောပါတယ်။
ဒါကြောင့်လည်း အမေရိကန်ဟာ လုပ်ထုံးလုပ်နည်းအရ အဆောင်အယောင် သဘောမျိုးလောက်သာဖြစ်တဲ့ အဖွဲ့လိုက် ဓာတ်ပုံရိုက်မယ့် ကိစ္စကို မေ့ထားပြီး လက်တွေ့ကျတဲ့ ဆွေးနွေးမှုတွေကိုပဲ အာရုံစိုက်စေခဲ့တယ်လို့ အဲဒီ အရာရှိက ဆိုပါတယ်။
ရုရှားနဲ့ အနောက်နိုင်ငံတွေကြားက ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပိုပြီး ခန့်မှန်းရခက်တဲ့ အခြေအနေမျိုးတွေ ရှုပ်ထွေးလာနေပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ရုရှားဆီက ဒီဇယ်ဆီတွေ ဝယ်ယူ တင်သွင်းဖို့အတွက် ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးခဲ့ပါတယ်။ ပြီးတော့ ဖင်လန်နဲ့ နော်ဝေး အစိုးရ ခေါင်းဆောင်တွေကလည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တိုက်ရိုက် ဖုန်းဆက် ဆွေးနွေးခဲ့ပြီး အဲဒီ ကိစ္စကလည်း ဥရောပ နိုင်ငံတွေကြားမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။
ကိုးကား: BBC





















































