Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်မှာ အထိနာနေတဲ့စစ်တပ်စစ်ကြောင်းက နေအိမ်တွေ မီးရှို့

မကွေးတိုင်း၊ပေါက်မြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အထိနာနေတဲ့စစ်တပ်စစ်ကြောင်းက နေအိမ်တွေ မီးရှို့နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

(ပေါက်မြို့နယ် တယ်ပင်ကန်ကျေးရွာက နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ်။ ဓာတ်ပုံ - လူမှုရေးရာ၊အလုပ်သမားနှင့်လူသားချင်းစာနာထောက်ထားရေးဌာနပေါက်မြို့နယ်)

အောက်တိုဘာ-၃၁၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ပေါက်မြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အထိနာနေတဲ့စစ်တပ်စစ်ကြောင်းက နေအိမ်တွေ မီးရှို့နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာ ပေါက်မြို့နယ် တယ်ပင်ကန်ကျေးရွာက နေအိမ် ၂၀ ၀န်းကျင်နဲ့ နွားဇောင်းတဲ ၂၀ ကျော်အပါအ၀င် အ အခြား အဆောက်အဦး ၁၂လုံးနီးပါးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

“မနေ့ညက ယာကြီးပြင်(ပျူစောထီးရွာ)က ကောင်တွေနဲ့ပေါင်း မီးရှို့တာ”လို့ ပေါက်မြို့နယ် စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ စစ်ကြောင်းနဲ့ယာဉ်တန်းတွေက ပေါက်မြို့အတွင်း ၀င်နိုင်ဖို့ကြိုးပမ်းနေတယ်လို့ သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မနေ့က ယာဉ်တန်းရော စစ်ကြောင်းရော သူတို့အတော်ထိသွားတော့ လမ်းကြောပေါ်က က နေအိမ်တွေကို အကြောင်းမဲ့ကိုရှို့သွားတာ။ရွာခံတွေက အကုန်စစ်ရှောင်နေရတုန်းပဲ”လို့ ပေါက်မြို့နယ်တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂ )ကနေ အင်အား ၃၀၀ ကျော်နဲ့ စစ်ကားအစီးရေ ၃၀ ၀န်းကျင်နဲ့ အောက်တိုဘာ ၂၈ ရက်က ပေါက်မြို့နယ်ကို ဦးတည်ထွက်ခွာလာတာ ဖြစ်ပါတယ်။

“မနေ့က(အောက်တိုဘာ ၃၀ ရက်) ဒရုန်းထိတာရော မိုင်းမိတာက စစ်ကား ၄စီးထိသွားတာ”လို့ ပေါက်မြို့နယ်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ယာဉ်တန်းတိုက်ခံရမှုတွေကြောင့် စစ်တပ်က ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄ )ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိနေသလို ညောင်ဦးလေဆိပ်ကနေ တက်လာတဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။

စစ်တပ်စစ်က အင်အားအလုံးအရင်းနဲ့ ကြောင်းထိုးလာတာကြောင့် ဒေသခံ ၆,၀၀၀ ကျော် စစ်ရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကြောင်းနဲ့နီးစပ်ရာရွာတွေဖြစ်တဲ့ သပြေရေ၊ချက်ကန်၊ မှန်ထောင်ကွင်း၊ တယ်ပင်ကန် နဲ့ ပေခုနှစ်ပင်ရွာတွေက အိမ်ထောင်စု ၁၂၀၀ ၀န်းကျင် လူဦးရေ ၆၅၀၀ နီးပါးဟာ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ အသိပေးပါတယ်။

အဲဒီယာဉ်တန်းနဲ့ အင်အားတွေက ပေါက်မြို့နယ် (ကပစ-၂၄ )ကို အင်အားဖြည့်နိုင်တယ်လို့ ပေါက်မြို့နယ်က်မြို့နယ်စစ်ရေးသတင်းရင်းမြစ်တချို့က ကနဦးသုံးသပ်ထားပါတယ်။

အခုနှစ် မေလကစပြီး စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် ဆိပ်ဖြူမြို့နယ်ကတဆင့် ပေါက်မြို့နယ်အခြေစိုက် ကပစ ၂၄ မှာ အင်အားစုဖွဲ့ခဲ့ပြီး အဲဒီကနေ ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးခဲ့ပါတယ်။

ဒါ့အပြင် ပေါက်မြို့အရှေ့ဘက်ခြမ်း မြိုင်မြို့နယ်နဲ့ ကပ်လျက်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားရာရေနံ မြေဒေသကိုလည်း စစ်တပ်စစ်ကြောင်းတွေရောက်ရှိနေပြီး တော်လှန်ရေးတပ်တွေနဲ့ နှစ်လနီးပါးကြာ ထိတွေ့တိုက်ပွဲတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ