အောက်တိုဘာ-၃၁၊၂၀၂၆။နေ့သစ်/ People’s Spring
စစ်ခေါင်းဆောင်မင်းအောင်လှိုင်သား ရှယ်ယာ အများဆုံးပါတဲ့ မန္တလေးမြို့က Maxius KTV မှာ မူးယစ်ဆေးနဲ့ဖမ်းဆီးခံရသူ မိတ္ထီလာလေတပ်ကဗိုလ်မှူးအပါအဝင် ၂၀ဦးခန့်ကိုအမှုမဖွင့်ဘဲ ငွေနဲ့ညှိုနှိုင်းနေတယ်လို့ ဖြစ်စဉ်ကို သိရှိထားသူတွေက ပြောပါတယ်။
အောက်တိုဘာ ၁၁ရက် ညပိုင်းမှာ မန္တလေးမြို့က KTV တွေကို မူးယစ်ဆေးဝါးစီမံချက်ဆိုပြီ စစ် အုပ်စုက ဝင်ရောက်စစ် ဆေးဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
အဲဒီညပိုင်းမှာ မန္တလေးမြို့ သိပ္ပံလမ်းဘေးက Maxius KTVကို ဝင်ရောက်စစ်ဆေးချိန် မိတ္ထီလာ လေတပ်က ဗိုလ်မှူးဟန်ထွန်းဦး အပါအဝင် တပ်အရာရှိတွေ၊အပျော်မယ်တွေလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement
အဲဒီ KTVမှာ မူးယစ်ဆေးဝါးလက်ဝယ် တွေ့ရှိမှု၊သုံးစွဲမှုနဲ့ဖမ်းဆီးခံရတဲ့အခန်းတွေက လူငယ်တချို့ကိုတော့ ရဲက အမှုဖွင့်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် မိတ္ထီလာလေတပ်က ဗိုလ်မှူး ဟန်ထွန်းဦးအပါအဝင် လူတချို့ကိုတော့ တစ်ဦးကို ကျပ်သိန်း၁၅,၀၀၀ တောင်းခဲ့ပြီး အဲဒီအတွက် ကျပ်သိန်း၅၀၀ကို KTV ဘက်က ကျခံမယ်လို့ သိရပါတယ်။
ပြည်သူတွေကိုဗုံးကြဲသတ်ဖြတ်နေတဲ့ မိတ္ထှီလာရှမ်းတဲ လေတပ်က ဗိုလ်မှူး ဟန်ထွန်းဦးဟာ လေယာဉ် မောင်းသင်ပေးတဲ့ သင်တန်းဆရာတဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။
Maxius KTV ၊ကလပ်နဲ့ဟိုတယ်ဟာ Mandalay Convention Center (MCC)ရဲ့ တောင်ဘက်မှာရှိပါတယ်။ အဲဒီနေရာဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဆောက်လုပ်ခဲ့တဲ့နေရာဖြစ်ပြီး အောင်ပြည့်စုံကရှယ်ယာအများဆုံးထည့်ကာ တရုတ်ပိုင်နေရာတစ်ခုအဖြစ် နာမည်ကြီးတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
ဒါ့အပြင် အဲဒီဟိုတယ်ဟာ ကျားဖြန့်လုပ်ငန်းတွေလုပ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၁ ရက်ညပိုင်းက ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး စစ်အုပ်စုဘက်ကတော့ 7 Mandalay KTVနဲ့ LAS VEGAS KTVတို့က အမျိုးသား၊အမျိုးသမီး၁၆ဦးကို ဖမ်းဆီးခဲ့တယ်လို့ပဲ ထုတ်ပြန်ထားတာပါ။





















































