Connect with us

Hi, what are you looking for?

သတင်း

ဂျပန်ရဲ့ မြို့ ၂မြို့မှာ ပြုလုပ်မယ့် Lလွန်းဝါ နဲ့ ယုဇနတို့ရဲ့ Rhythm of Hope

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့ရည်ရွယ်တဲ့ Rhythm of Hope ဖျော်ဖြေပွဲတွေကို ဂျပန်နိုင်ငံရဲ့ မြို့ ၂မြို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အောက်တိုဘာ-၃၁၊၂၀၂၆။ဆဏ်း/People’s Spring

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့ရည်ရွယ်တဲ့ Rhythm of Hope ဖျော်ဖြေပွဲတွေကို ဂျပန်နိုင်ငံရဲ့ မြို့ ၂မြို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဖျော်ဖြေပွဲတွေမှာ တော်လှန်အနုပညာရှင် ၂ဦးဖြစ်တဲ့ ‌Lလွန်းဝါ နဲ့ ယုဇန တို့ပါဝင်မှာဖြစ်ပြီး အိုဆာကာမြို့မှာ နိုဝင်ဘာ ၁ ရက်နဲ့ တိုကျိုမြို့မှာ နိုဝင်ဘာ ၈ ရက် ပြုလုပ်မှာပါ။

လက်ရှိမှာ အဆိုတော် ၂ ဦးလုံး ဂျပန်နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပြီး ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေကြပြီလို့ အဆိုတော်တွေက အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

” ဂီတအနုပညာမှတစ်ဆင့် မျှော်လင့်ချက်များကို မျှဝေကာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှုများတွင် ပါဝင်အားဖြည့်ပေးနိုင်ရန် ရည်ရွယ်ထားသည့် ဤအစီအစဉ်တွင် အားလုံးပါဝင်ပေးကြဖို့ ဖိတ်ခေါ်အပ်ပါသည်။”လို့ Rhythm of Hope Japan က ဖိတ်ခေါ်ထားပါတယ်။

ဖျော်ဖြေပွဲမှာ တစ်ကိုယ်တော်ဖျော်ဖြေမှုတွေ အပါအဝင်စုံတွဲသီ‌ဆိုမှုတွေလည်း ပါဝင်မယ်လို့ ယုဇနက ပြောပါတယ်။

“နှစ်ယောက်အတူ စုံတွဲသီချင်းလေးတွေတိုက်နေပါပြီ၊ ပွဲနေ့မှာအားလုံးနဲ့အတူ ဆိုကြမယ်”လို့ ယုဇနက ဖျော်ဖြေပွဲအတွက် Lလွန်းဝါ သီချင်းတိုက်နေတဲ့ ဗီဒီယိုနဲ့အတူ ပရိသတ်တွေကို ဖိတ်ခေါ်ထားပါတယ်။

ဆက်စပ်သတင်းများ