Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၄)နယ်မြေက ကျေးရွာကို စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင် တနင်္သာရီမြို့နယ်က ကျေးရွာတရွာကို စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အသေခံဒရုန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU - Mergui-Tavoy District)

အောက်တိုဘာ ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင် တနင်္သာရီမြို့နယ်က ကျေးရွာတရွာကို စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

KNU မြိတ်ထားဝယ်ခရိုင်က ကျေးရွာတွေကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ ပြည်သူသေဆုံးမှုတွေ ရှိနေတဲ့ အခြေအနေမှာ အောက်တိုဘာ ၃၀ရက်က တနင်္သာရီမြို့နယ် ဖူးပွင့်စရွာကို အသေခံ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

အဲဒီဒေသမှာ တိုက်ပွဲမရှိဘဲ လာရောက်တိုက်ခိုက်တာလို့ ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မရှိပေမဲ့ ပြည်သူတွေ ထိတ်လန့် ကြောက်ရွံ့မှုတွေနဲ့ နေထိုင်ကြရကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ အောက်တိုဘာ ၃၀ရက် နေ့လည်ပိုင်းမှာပဲ သရက်ချောင်းမြို့နယ် ကညင်ချောင်းရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ရပြီး ကလေးငယ်တွေအပါအဝင် ၃ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာအတွင်း ရေဘေးကြောင့် ရွာခံတွေ သေဆုံးတာ နေအိမ်တွေ ပျက်စီးတာရှိခဲ့တဲ့ ကညင်ချောင်းရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ဒေသခံတွေ သဘာ၀ဘေးအပြင် စစ်တပ်ရဲ့ လေကြောင်းရန်ကိုပါ တပြိုင်နက် ရင်ဆိုင်နေကြရတာလည်းဖြစ်ပါတယ်။

စစ်တပ်ဟာ KNU မြိတ်ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် စုံစင်ကျေးရွာကိုလည်း အောက်တိုဘာ ၂၇ရက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

အောက်တိုဘာ ၂၆ရက်ကလည်း ပုလောမြို့နယ် ပလောက်မြို့ ပြည်ခြားကျေးရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူလူထုနေအိမ်ထိခိုက်ခဲ့သလို ပြည်ခြားရွာကိုပဲ အောက်တိုဘာ ၁၈ရက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၄ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်ဟာ KNU တပ်မဟာ(၄) အပါအဝင် KNU အုပ်ချုပ်နယ်မြေတွေအတွင်းက ကျေးရွာတွေက အရပ်သား နေထိုင်ရာရွာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မငတွေ ဆက်တိုက်လုပ်ဆောင်ခဲ့လို့ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေလည်း မကြာခဏ ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ