Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းကုမ္ပဏီ ၃ခုထက်မနည်း ဖျက်သိမ်းတော့မယ်လို့ ကြေညာ

ခရီးသွားလုပ်ငန်းအပါအ၀င် အိမ်ခြံမြေအကျိုးဆောင်နဲ့ ကိုယ်ပိုင်ကျောင်းတည်ထောင်ထားတဲ့ ပြည်တွင်းကုမ္ပဏီ ၃ခုထက်မနည်းဟာ စာရင်းရှင်းလင်းဖျက်သိမ်းတော့မယ်လို့ ကြေညာထားတာ သိရပါတယ်။

ခရီးသွားလုပ်ငန်းအပါအ၀င် အိမ်ခြံမြေအကျိုးဆောင်နဲ့ ကိုယ်ပိုင်ကျောင်းတည်ထောင်ထားတဲ့ ပြည်တွင်းကုမ္ပဏီ ၃ခုထက်မနည်းဟာ စာရင်းရှင်းလင်းဖျက်သိမ်းတော့မယ်လို့ ကြေညာထားတာ သိရပါတယ်။

နို၀င်ဘာ-၁၁၊၂၀၂၆။ဇော်၀င်း/People’s Spring

ခရီးသွားလုပ်ငန်းအပါအ၀င် အိမ်ခြံမြေအကျိုးဆောင်နဲ့ ကိုယ်ပိုင်ကျောင်းတည်ထောင်ထားတဲ့ ပြည်တွင်းကုမ္ပဏီ ၃ခုထက်မနည်းဟာ စာရင်းရှင်းလင်းဖျက်သိမ်းတော့မယ်လို့ ကြေညာထားတာ သိရပါတယ်။

ဒီကနေ့(နို၀င်ဘာ ၁၁ ရက်)ထုတ် စစ်တပ်ထုတ် မြန်မာ့အလင်းသတင်းစာမှာ Home Pro MM ကုမ္ပဏီလီမိတက်နဲ့ Unity Private School Holding ကုမ္ပဏီလီမိတက်တို့က အစုရှယ်ယာရှင်တွေရဲ့ ဆန္ဒအလျောက် စာရင်းရှင်းဖျက်သိမ်းမယ့် ကြေညာချက် တွေ့ရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ရက် နို၀င်ဘာ ၉ ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာလည်း Western Holiday Travel and Tour ကုမ္ပဏီလီမိတက်ဟာ ကုမ္ပဏီမှာပါ၀င်သူတွေရဲ့ ဆန္ဒနဲ့အညီ ဖျက်သိမ်းမယ်လို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

Western Holiday Travel and Tour ကုမ္ပဏီက လွန်ခဲ့တဲ့ ၁၀နှစ် ၊ Unity Private School Holding က ၂၀၁၉ နဲ့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းစု Home Pro MM ဟာ ၂၀၂၁ နို၀င်ဘာမှာ ကုမ္ပဏီမှတ်ပုံတင်ခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)ရဲ့စာရင်းအချက် အလက်မှာ တွေ့ရပါတယ်။

ကုမ္ပဏီဖျက်သိမ်းမှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ကုမ္ပဏီတွေဘက်ကို လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

“သတင်းစာထဲ ထည့်ကြေညာတာ ခပ်ရှားရှားတွေ့ရတာ မျိုးပါ။မကြေညာပဲ ရပ်သွားတဲ့ ကုမ္ပဏီ နဲ့ လုပ်ငန်းတွေမှ မနည်းဘူး။အခု ရပ်တည်နေရတာက နွံထဲရုန်းနေရသလိုပဲ။ကိုယ့်လုပ်ငန်း‌လေး မပြိုလဲဖို့ တောင့်ခံနေရတယ်။‌ ဆိုင်လခ၊ကုန်ကြမ်းဈေး၊မီတာခ၊ ၀န်ထမ်းစရိတ် နဲ့ အထွေ ထွေ ကုန်ကျမှုတွေက တရက်နဲ့တရက်မတူဘူး ပိုတိုးလာတယ်”လို့ ကမာရွတ်မြို့နယ်က အသေးစားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်တပ်လက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)ရဲ့စာရင်းအချက် အလက်တွေအရ ၂၀၂၆ ပထမခြောက်လအတွင်း MyCO အွန်လိုင်းမှတ်ပုံတင်စနစ်မှာ နှစ်စဉ်အစီ ရင်ခံစာ (AR)တင်သွင်းဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီစုစုပေါင်း ၁,၀၀၀ ရှိခဲ့ပါတယ်။

ဒါကြောင့် အခုနှစ် နှစ်၀က်အတွင်းမှာပဲ လုပ်ငန်းဆက်လက်မလည်ပတ်တော့တဲ့ ကုမ္ပဏီပေါင်း တစ်ထောင်ရှိတယ်လို့ ယူဆနိုင်ပါတယ်။

၂၀၂၅မှာ ကုမ္ပဏီ ၇,၃၀၀ ၊၂၀၂၄မှာ ၁၉, ၀၀၀ ၊၂၀၂၃မှာ ၆,၄၀၀၊ ၂၀၂၂ မှာ ၅,၁၀၀ နဲ့ ၂၀၂၁ မှာ ကုမ္ပဏီ ၂,၂၀၀ ဟာ နှစ်စဉ်အစီရင်ခံစာ တင်သွင်းဖို့ ပျက်ကွက်ခဲ့တယ်လို့ DICA က ထုတ်ပြန်ထားပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှာ မှတ်ပုံတင်ထားတဲ့ ပြည်တွင်း၊ပြည်ပ ကုမ္ပဏီပေါင်း ၈၆,၀၀၀ ကျော်အနက်က ကုမ္ပဏီ ထက်၀က်နီးပါးရပ်ဆိုင်းသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း ပြည်တွင်း ဆောက်လုပ်ရေးကုမ္ပဏီ တွေစာရင်းရှင်းလင်းဖျက်သိမ်းတာ၊ပြည်ပရင်း နှီးမြှုပ်နှံမှုတွေထဲက အထည်ချုပ်လုပ်ငန်းတွေ အပါအ၀င် ကမ္ဘာ့အကြီးဆုံး စာရင်းကိုင်နဲ့ စီးပွားရေးအကြံ ပေး ဝန်ဆောင်မှုလုပ်ငန်းကွန်ရက်ကြီး Price waterhouseCoopers (PwC) ထွက်ခွာမယ်လို့ ကြေညာထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းရှယ်ယာတွေကို ရောင်းချသွားပြီး မြန်မာ့စျေးကွက်ကနေ ထွက်ခွာတော့မယ်လို့ လူသုံးကုန်နဲ့ စားသောက်ကုန် လုပ်ငန်းစုကြီး Unileverက ပြီးခဲ့တဲ့ရက်ပိုင်းက အတည်ပြုခဲ့ပါတယ်။

ဒေါ်လာငွေ ထိန်းချုပ်ထားတဲ့ စစ်တပ်ရဲ့ သွင်းကုန်ထုတ်ကုန် ကန့်သတ်ချက်တွေ၊ငွေကြေးဖောင်းပွမှု (ကုန်ဈေးနှုန်းမြင့်တက်မှု)နဲ့ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးလာတာတွေက အဓိကအခက်အခဲဖြစ်နေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

Facebook