Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးပဋိပက္ခတွေထိုင်းဘက်ခြမ်းဆီမသက်ရောက်ဖို့ စစ်အုပ်စုလေတပ်ဦးစီးချုပ်နဲ့ထိုင်းဆွေးနွေး

ကရင်ပြည်နယ်ထဲကတိုက်ပွဲတွေမှာ အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ထိုင်းဖက်ခြမ်းက အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ပြီး နှစ်ပတ်နီးပါးအကြာမှာ ထိုင်း နဲ့ မြန်မာစစ်တပ် လေတပ်ဦးစီးချုပ်တွေ တွေ့ဆုံကြပါတယ်။

နိုဝင်ဘာ – ၁၁ ၊၂၀၂၆

ကရင်ပြည်နယ်ထဲကတိုက်ပွဲတွေမှာ အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ထိုင်းဖက်ခြမ်းက အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ပြီး နှစ်ပတ်နီးပါးအကြာမှာ ထိုင်း နဲ့ မြန်မာစစ်တပ် လေတပ်ဦးစီးချုပ်တွေ တွေ့ဆုံကြပါတယ်။

နိုဝင်ဘာ ၁၁ ရက်က ထိုင်းလေတပ်ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာနှစ်နိုင်ငံ လေတပ် အကြီးအကဲတွေ ထိုင်းနိုင်ငံမှာ တွေ့ဆုံခဲ့ကြကြောင်း ဖော်ပြထားပါတယ်။

ထိုင်းလေတပ်ဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမှုအတွင်း နယ်စပ်ဒေသက အခြေအနေတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို နှစ်ဖက် ညှိနှိုင်းဖြေရှင်းကြဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ မြန်မာဖက်ခြမ်းက စစ်ရေး ပဋိပက္ခတွေက ထိုင်းပြည်သူတွေအပေါ် သက်ရောက်လာနိုင်တဲ့ ထိခိုက်မှုတွေကနေ ကာကွယ် တားဆီးနိုင်ရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ တော်ဝင်လေတပ်က ပြောပါတယ်။

တော်ဝင်လေတပ်အနေနဲ့ ထိုင်းလေပိုင်နက်နဲ့ ထိုင်းပြည်သူတွေရဲ့ လုံခြုံ ရေးကို ကာကွယ်စောင့်ရှောက်ဖို့ ဆက်လက် တာဝန်ကျေနေမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ထိုင်းနဲ့ မြန်မာတို့ဟာ အပြန်အလှန် အချုပ်အခြာအာဏာ လေးစားမှုကို အခြေခံပြီး ထိတွေ့ဆက်ဆံမှုတွေ၊ အနီးကပ် ညှိနှိုင်းဆောင်ရွက်မှုတွေကို ဆက်လက် ထိန်းသိမ်းထားမယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက် ည ၇ နာရီ ဝန်းကျင်တုန်းက နှစ်နိုင်ငံကြား နယ်စပ်အဖြစ် တည်ရှိနေတဲ့ သံလွင်မြစ်ရဲ့ တစ်ဖက်ခြမ်းမှာ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ တိုက်လေယာဉ်က ဗုံးနှစ်လုံး ကြဲချခဲ့ပါတယ်။

အဲဒီ ပေါက်ကွဲအားကြောင့် ထိုင်းဖက်ခြမ်း မဲ့ဆရီရန်း မြို့နယ်ထဲက မဲ့ဆမ်လပ် ကျေးရွာဖက်မှာ အဆောက်အအုံတွေရဲ့ ပြတင်းပေါက်တွေ ကွဲကြေကုန်တာ အပါအဝင် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ထိုင်းနယ်စပ်နားမှာ တော်လှန်ရေး အင်အားစုတွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်က ဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် ထိုင်းဖက်ခြမ်းက ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့တဲ့နောက်နိုဝင်ဘာလဆန်းပိုင်းတုန်းက တော်ဝင်လေတပ်ရဲ့ F-16 တိုက်လေယာဉ်တွေဟာ နယ်စပ်နားမှာ ကင်းလှည့် ပျံသန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နယ်စပ်နားကို အမျိုးအမည်မသိ လေယာဉ်တစ်စီး ချဉ်းကပ်လာမှုကြောင့် F-16 တိုက်လေယာဉ်တွေ ပျံတက်ခဲ့ကြောင်း ထိုင်းလေတပ်က ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Facebook