Connect with us

Hi, what are you looking for?

သတင်း

KNU မြိတ်-ထားဝယ်ခရိုင်မှာ စစ်တပ် ပစ်ခတ်လို့ အရပ်သား ၁ဦး သေဆုံး၊ ၁ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းက ပစ်ခတ်လို့ အရပ်သား သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းက ပစ်ခတ်လို့ အရပ်သား သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းက ပစ်ခတ်လို့ အရပ်သား သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

မြိတ်ထားဝယ်ခရိုင် မဇောကျေးရွာကနေ ဖာနီရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ် စစ်ကြောင်းက နိုဝင်ဘာ ၁၀ရက်မနက်ပိုင်းမှာ ဆိုင်ကယ်စီးလာတဲ့ ပြည်သူ ၂ဦးကို ပစ်ခတ်ခဲ့ရာ ၁ဦး သေဆုံးကာ ၁ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာပြင်းထန်ခဲ့ပေမဲ့ စစ်တပ်လက်က လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ မြိတ်ထားဝယ်ခရိုင်အတွင်း စစ်ကြောင်းထိုးတာ၊ တိုက်လေယာဉ်နဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေလို့ အရပ်သား သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

နိုဝင်ဘာ ၆ရက်ကလည်း မဇောရွာကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့လို့ ကလေးငယ်နဲ့ မသန်စွမ်းသူ ၁ဦး အပါအဝင် ၃ဦး သေဆုံးကာ ၇ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)၊ သထုံခရိုင် တပ်မဟာ(၁)၊ ဒူးပလာယာခရိုင် တပ်မဟာ(၆)၊ ဖာပွန်ခရိုင် တပ်မဟာ(၅) နယ်မြေဒေသတွေမှာလည်း လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိသလို မြေပြင်စစ်ကြောင်းထိုးနေလို့ စစ်ရေးတင်းမာလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

Facebook