Connect with us

Hi, what are you looking for?

သတင်း

အထူးတိုင်းစစ်ဌာန ကျဆုံးမှု မရှိ၊ နယ်ကျွံလာတဲ့စစ်တပ်ကို PDF ပူးပေါင်းတပ် ချေမှုန်းနေဟု NUG ပြော

အာဏာသိမ်းစစ်တပ်က အထူးတိုင်းစစ်ဌာနချုပ်ကို သိမ်းရတယ်လို့ ထုတ်ပြန်တာဟာ အလုံးစုံမှန်ကန်မှု မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပြီး လတ်တလောမှာ နယ်မြေကျွံဝင်လာတဲ့ အာဏာသိမ်းစစ်တပ်ကို PDFနဲ့ တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ချေမှုန်းနေကြောင်း အသိပေးပါတယ်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန၏ အခြေခံစစ်ပညာသင်တန်းပွဲကို ၂၀၂၆ မေလက ပြုလုပ်နေစဉ်။ ဓာတ်ပုံ - အထူးတိုင်းစစ်ဌာန)

နိုဝင်ဘာ ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က အထူးတိုင်းစစ်ဌာနချုပ်ကို သိမ်းရတယ်လို့ ထုတ်ပြန်တာဟာ အလုံးစုံမှန်ကန်မှု မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပြီး လတ်တလောမှာ နယ်မြေကျွံဝင်လာတဲ့ အာဏာသိမ်းစစ်တပ်ကို PDFနဲ့ တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ချေမှုန်းနေကြောင်း အသိပေးပါတယ်။

အထူးတိုင်းစစ်ဌာနချုပ်စခန်းနဲ့ ကျိုက်ထိုမြို့နယ်အတွင်း KNU စခန်း တွေ၊လက်နက်ခဲယမ်းစစ်အသုံးအဆောင်တွေ သိမ်းရတယ်လို့ အာဏာသိမ်းစစ်တပ်က နိုဝင်ဘာ ၉ရက်နေ့စွဲနဲ့ ဝါဒဖြန့် သတင်းထုတ်ပြန်ခဲ့တဲ့ အပေါ်မေးမြန်းချက်ကို ဦးနေဘုန်းလတ်က အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားကလည်း နိုဝင်ဘာ ၁၀ရက် ညပိုင်းမှာ လူမှုကွန်ရက်ကနေတဆင့် ရန်သူတင်သမျှဟာ သတင်းမဟုတ်သလို သတင်းမှန်လည်း မဟုတ်ကြောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ဘယ်ကောင်တွေ အသေထွက်နေလဲဆိုတာ အချိန်တန်ရင် သိရမှာပေါ့” လို့လည်း ရဲဘော်အောင်စံရှားက ရေးသားထားပြီး စစ်ရေးအခြေအနေ အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။

ကရင်သတင်းရင်းမြစ်အချို့ကလည်း KNU တပ်မဟာ(၁)နဲ့ တပ်မဟာ(၃)နယ်မြေတွေကို ဝင်လာတဲ့ စစ်တပ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စစ်တပ်က လေယာဉ်ပစ်ကူ ခေါ်နေရတဲ့ အခြေအနေ ဖြစ်ကြောင်း လူမှုကွန်ရက်ကနေ ရေးသားအသိပေးတာတွေရှိပါတယ်။

စစ်တပ်က သေဆုံးထိခိုက်ရှိတဲ့အပြင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရတာတွေ ရှိတယ်လို့လည်း အသိပေးထားပါတယ်။

ကရင်သတင်းဌာန KIC ရဲ့ နိုဝင်ဘာ ၁၀ရက် ဖော်ပြချက်မှာလည်း ကျိုက်ထိုမြို့နယ်အတွင်း တော်လှန်ရေးတပ်တွေရှိရာ ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်တပ်ကို နိုဝင်ဘာ ၁၀ရက် မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်က သေဆုံးထိခိုက်ရှိပြီး စစ်သုံ့ပန်းအချို့ အရှင်ဖမ်းမိကြောင်း KNLA တပ်မဟာ(၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမြင့်ထွေး ပြောကြားထားပါတယ်။

စစ်တပ်က KNU နယ်မြေတွေကို အင်အားအလုံးအရင်း စစ်ကြောင်းထိုးဝင်ရောက်လာမှု၊ တပ်စခန်းတွေ သိမ်းရတယ်ဆိုပြီး ဝါဒဖြန့် သတင်းထုတ်ပြန်မှု အခြေအနေတွေမေးမြန်းဖို့ နယ်မြေခံ KNU သတင်းရင်းမြစ်ထံဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

ဆက်စပ်သတင်းများ

Facebook