Connect with us

Hi, what are you looking for?

သတင်း

ပေါက်နဲ့ မြိုင်မြို့နယ် ရေနံမှော်နယ်မြေက KTV ဆိုင်ခန်းတွေ ပိတ်သိမ်းဖို့ ပခုက္ကူခရိုင်စစ်ဌာန ထုတ်ပြန်

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ် ရေနံမှော်နယ်မြေက ကာလာအိုကေ(KTV)ဆိုင်ခန်းတွေ ပိတ်သိမ်းဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ပခုက္ကူခရိုင်စစ်ဌာနက ထုတ်ပြန်ပါတယ်။

(တပ်တွင်း CDM သတင်းပေးတွေဖိတ်ခေါ်ဖို့ ပခုက္ကူခရိုင်စစ်ဌာန ရဲဘော်တွေက လပ်ကမ်းစာစောင်ဝေငှနေစဉ်။ ဓာတ်ပုံ - ပခုက္ကူခရိုင်စစ်ဌာန)

နို၀င်ဘာ-၁၁ ၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ် ရေနံမှော်နယ်မြေက ကာလာအိုကေ(KTV)ဆိုင်ခန်းတွေ ပိတ်သိမ်းဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ပခုက္ကူခရိုင်စစ်ဌာနက ထုတ်ပြန်ပါတယ်။

ပြည်သူ့အကျိုး၊ တော်လှန်ရေးအကျိုးကို မဆောင်တဲ့ KTV လုပ်ငန်းတွေဟာ ဒီကနေ့ (နို၀င်ဘာ ၁၁ ရက်)ကစပြီး အပြီးတိုင် ပိတ်သိမ်းဖို့ သတိပေးထားပါတယ်။

တော်ရေးကာလအတွင်း တွင်တွင်ကျယ်ကျယ် ဖွင့်လှစ် လာခဲ့တဲ့ ကေတီဗီ ဆိုင်ခန်း‌တွေမှာ အရပ်သားပြည်သူတွေ သာမက တော်လှန်ရေးသမားတွေလည်း မူးယစ်ဆေးဝါးသုံးစွဲပြီး ပျော်ပါးမြူးထူးနေတဲ့အပြင် သုံးစွဲတာ၊ရောင်းချတာနဲ့ သယ်ဆောင်တာ တွေ ပြုလုပ်နေတာကို ကြားသိရတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“အဓိက ကတော့မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် လုပ်ဆောင်တာ ဖြစ်ပါတယ်”လို့ ပခုက္ကူခရိုင်စစ်ဌာနတာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ပိတ်သိမ်းဖို့ မလိုက်နာရင် ထိရောက်တဲ့ အရေးယူမှုတွေလုပ်မယ်လို့လည်း ပခုက္ကူခရိုင် ပကဖ နဲ့ ပခုက္ကူခရိုင်စစ်ဌာန တို့ပူးတွဲပြီး ခရိုင်ကွပ်ကဲရေးအဖွဲ့က ကြေညာပါတယ်။

“အခု‌က စစ်ကြောင်းကြောင့် ၅ဆိုင်လောက်ပဲ ဖွင့်ပါတယ်။အရင် ၁၅ဆိုင်လောက် ရှိတာပါ။အပျော် အပါးမက်ရမယ့်အချိန်မဟုတ်သေးဘူး။ဒါတွေကလူတွေပျက်စီးရာပျက်စီးကြောင်းတွေ”လို့ ပေါက်နဲ့မြိုင် ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဒေသတွင်းတော်လှန်ရေးတပ်တွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ရေနံမှော်တွေကို ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ဇွန်လဆန်းပိုင်းကစပြီး အင်အား ၅၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး လက်ရှိ တဲကြီးကျေးရွာမှာ တပ်စွဲထားတာ ၂လကျော် ရှိနေပြီဖြစ်ပါတယ်။

ဝဲတမ်း၊ဝဲတူးရေနံမြေအပါအ၀င် ပေါက်နဲ့မြိုင် ဒေသအစပ်က ရေနံမှော်တွေကို ၂၀၂၄ မတ်လက တည်းက ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်း ပိုက်ခဲ့တာဖြစ်ပါတယ်။

ဝဲဝမ်း (Well-1) နဲ့ ဝဲတူး (Well-2) ရေနံမြေကို ခေတ်အ ဆက်ဆက် အစိုးရကထိန်းချုပ်ပြီး မိသားစုတစ်ပိုင်တစ်နိုင် ၊ ကန်ထရိုက်စနစ်တွေနဲ့ ရေနံတူးဖော်လုပ်ကိုင်ကြပြီးအာဏာသိမ်းပြီးနောက် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ကာ လုပ်ငန်းတွေဆက်လည်ပတ်နေတာပါ။

တဲကြီးကျေးရွာအနီးက ရေနံမြေလုပ်ကွက် ၁၀၀ကျော် အပါအ၀င် ပခုက္ကူဒေသက ရေနံတွင်း ၈၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ စက်တင်ဘာနောက်ဆုံးပတ်က အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်းက တဲကြီးရွာမှာ တပ်မစွဲခင်အထိ ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ခဲ့တာကြောင့်နေအိမ်အလုံး ၆၀၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၅၀ နီးပါးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ထားပါတယ်။

ဆက်စပ်သတင်းများ

Facebook