နိုဝင်ဘာ-၁၁၊၂၀၂၆။ရောင်နီ/People’s Spring
ဆောင်းရာသီကို ရောက်နေပေမယ့် အယ်နီညိုကြောင့် အပူဒဏ်ခံစားနေရတဲ့ ရန်ကုန်မြို့မှာ နိုဝင်ဘာ ၁၁ ရက်ကတော့ ဆောင်းအရသာကိုခံစားခဲ့ရပါတယ်။
အခုရက်ပိုင်းမိုးတွေအုံ့ပြီး မိုးရွာတာရှိသလို လေအေးတွေတိုက်ခတ်နေတာကြောင့် အပူဒဏ် သိသိသာသာလျော့သွားပြီးနိုဝင်ဘာ၁၁
ရက်မှာဆိုင် ရာသီဥတုကအေးနေကာဆောင်းရာသီရောက်နေတာကို သိသိသာသာခံစားခဲ့ရတာလို့ ဒေသခံတွေကပြောပါတယ်။

Public Service Announcement
မိုးကာလအပြီး အယ်နီညိုကြောင့် အပူဒဏ်ကို ခံစားနေရတဲ့ ရန်ကုန်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအထိ ဆောင်းဥတု မရှိတော့ဘူးလို့ ပြောနေခဲ့ကြတာပါ။
ဒီနေ့မှာတော့ အေးရုံသာမက မိုးတိမ်တွေ အုံ့မှိုင်းပြီး မိုးလေးတဖြောက်ဖြောက်ပါရွာခဲ့ပါတယ်။ နိုဝင်ဘာ ၁၁ ရက် နေ့လည်မှာဆိုရင် အပူချိန် ၁၉ ဒီဂရီအထိ ကျခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ရွာနေတဲ့မိုးက အရှေ့ဘက်ကလာတဲ့ လေပွေလှိုင်းအရှိန် နဲ့ လေအေးတွေကြောင့် အချိန်အခါမဟုတ် မိုးရွာနေတာလို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်း၊ စစ်ကိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်တယ်၊ ချင်းပြည်နယ်၊ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ မိုးရွာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။





















































