Connect with us

Hi, what are you looking for?

News

ကားနှစ်စီးဖြင့် စစ်ရေးလှုပ်ရှားလာ၍ တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှသေဆုံးမှုရှိဟု KIA ထုတ်ပြန်

စစ်ကောင်စီမှ ခြေလျင်ဖြင့် ထပ်မံစစ်ရေးလှုပ်ရှား တိုးချဲ့ဝင်လာပြီး ယနေ့ (ဒီဇင်ဘာ၃၀) နံနက်တွင် ဆွမ်ပရာဘွမ် တွင် တပ်စွဲနေရာချထားကြောင်း၊ စစ်ကောင်စီဘက်မှ ၎င်းနေရာသို့ စစ်ရေးလှုပ်ရှားမှု ဆက်တိုက် ပြုလုပ်နေ၍ မကြာခဏ တိုက်ပွဲဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။

စစ်ကား(၂)စီးဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်စွဲထားသောနေရာသို့ စစ်ရေးလှုပ်ရှား တိုးချဲ့ ဝင်ရောက်လာ၍ ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုရှိကြောင်း KIA၏ သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြသည်။

KIA တပ်မဟာ(၁)၊ တပ်ရင်း(၇) နယ်မြေ ပူတာအို ဆွမ်ပီယန်နှင့် အင်ဆိုင်ယန်ကျေးရွာကြား၌ ဒီဇင်ဘာ ၂၉ရက်က နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

စစ်ကောင်စီမှ ခြေလျင်ဖြင့် ထပ်မံစစ်ရေးလှုပ်ရှား တိုးချဲ့ဝင်လာပြီး ယနေ့ (ဒီဇင်ဘာ၃၀) နံနက်တွင် ဆွမ်ပရာဘွမ် တွင် တပ်စွဲနေရာချထားကြောင်း၊ စစ်ကောင်စီဘက်မှ ၎င်းနေရာသို့ စစ်ရေးလှုပ်ရှားမှု ဆက်တိုက် ပြုလုပ်နေ၍ မကြာခဏ တိုက်ပွဲဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။

ယခု KIA ထုတ်ပြန်သည့် တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်ထားရာ ဆွမ်ပရာဘွမ်ဘက်မှ ပူတာအိုသို့လာသည့် စစ်ကောင်စီတပ်ကို အင်ဆိုင်ယန်ကျေးရွာ အနီးတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုများနိုင်ကြောင်း ဖော်ပြထားသည်။ ကချင်ဒေသ တိုက်ပွဲများ တွင် KIAနှင့် PDFများ ပူးပေါင်းပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။