Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်တ​ပ်က စစ်ကြောင်းထိုး ပစ်ခတ်နေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးနဲ့ မြင်းမူနယ်က မုံရွာ-မန္တလေးလမ်းပိုင်းတစ်လျှောက်မျာ စစ်တပ်က စစ်ကြောင်းထိုး ပစ်ခတ်နေပြီး ခရီးသွားတွေကို စစ်ဆေးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

(မုံရွာ-မန္တလေးလမ်းတွင် သွားလာနေသော ယာဥ်များအား တွေ့ရစဥ်။ ဓါတ်ပုံံ-CJ)

နိုဝင်ဘာ-၁၇၊ ၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးနဲ့ မြင်းမူနယ်က မုံရွာ-မန္တလေးလမ်းပိုင်းတစ်လျှောက်မျာ စစ်တပ်က စစ်ကြောင်းထိုး ပစ်ခတ်နေပြီး ခရီးသွားတွေကို စစ်ဆေးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၇ ရက် မနက် ၇ နာရီခွဲခန့်က မုံရွာ-မန္တလေးလမ်းပေါ်၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်က စစ်ကြောင်းထွက်လာပြီး ကျေးရွာအနီးပတ်ဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

တချိန်တည်းမှာပဲ ချောင်းဦးမြို့အထွက်ရှိ စစ်တပ်ဟာ အင်အားနှစ်ဖွဲ့ခွဲကာ မြို့မြောက်ဘက်ရှိ ဘောလုံးကွင်းအနီးနဲ့ ရွှေဘူတာလမ်းခွဲတွေမှာ နေရာယူပြီးဖြတ်သန်းသွားလာနေတဲ့ ခရီးသွားပြည်သူတွေနဲ့ ယာဉ်တွေကို တားဆီးစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မနက် ၉ နာရီ ၁၀ မိနစ်ခန့်ကလည်း မုံရွေးတိုးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ Light Truck သုံးစီးနဲ့ မြောက်ဘက်အရပ်သို့ ထွက်ခွာသွားပြီး မနက် ၉ နာရီ ၁၁ မိနစ်မှာလည်း စစ်ကောင်စီစစ်ကြောင်းတစ်ဖွဲ့ဟာ အောင်ချမ်းသာကျေးရွာထိပ်သို့ ရောက်ရှိနေကြောင်း ချောင်းဦး ပကဖရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

“မုံရွေးတန်ပိုဂိတ်က ကောင်တွေ ဘယ်သွားမယ်တော့မသိဘူး။ ဝတ်စုံအပြည့်နဲ့တန်းစီနေတာတွေ့တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

​လက်ရှိမှာ မုံရွာ-မန္တလေး လမ်းပိုင်းတစ်လျှောက် စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ စစ်ဆေးမှုတွေတင်းကျပ်နေတဲ့အတွက် ခရီးသွားပြည်သူတွေ လမ်းခရီးအခြေအနေကို စုံစမ်းပြီးမှ သွားလာကြဖို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

မုံရွာ-မန္တလေးလမ်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေ၊ ယာဥ်တန်းတွေ ဖြတ်သန်းတဲ့အခါတိုင်း တိုက်ပွဲတွေ ဖြစ်ပွား​​လေ့ရှိပြီး လမ်းပိုင်းယာယီ ပိတ်ရ​လေ့ ရှိပါတယ်။

ဆက်စပ်သတင်းများ

Facebook