Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းပြည်ပကုမ္ပဏီ ​လေးခု လုပ်ငန်းရပ်ဆိုင်းမယ်လို့​ထပ်မံကြေညာ

စင်ကာပူ၊အီတလီ နဲ့ ပြည်တွင်းကုမ္ပဏီနှစ်ခု လုပ်ငန်းရပ်ဆိုင်းတော့မယ်လို့ထပ်မံကြေညာပါတယ်။

နို၀င်ဘာ-၁၇၊၂၀၂၆။ဇော်၀င်း/People’s Spring

စင်ကာပူ၊အီတလီ နဲ့ ပြည်တွင်းကုမ္ပဏီနှစ်ခု လုပ်ငန်းရပ်ဆိုင်းတော့မယ်လို့ထပ်မံကြေညာပါတယ်။

အဲဒီကုမ္ပဏီတွေရပ်ဆိုင်းမယ့် ‌ကြေညာချက်တွေကိုနို၀င်ဘာ ၁၆ ရက်နဲ့ နို၀င်ဘာ ၁၇ ရက်ထုတ်စစ်တပ်ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ အသီးသီးဖော်ပြလာတာဖြစ်ပါတယ်။

ရော်ဘာနဲ့ပလတ်စတစ် ထုတ်ပိုးမှုလုပ်ငန်းတွေ လည်ပတ်‌နေတဲ့ MYANMAR JACKWAY PACKAGING COMPANY က ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းမယ့် နောက်ဆုံးအစည်း‌အဝေးကို နို၀င်ဘာ ၂၅ ရက်နေ့မှာ လုပ်မယ်လို့ သတင်းစာမှာကြေညာပါတယ်။

Public Service Announcement

Public Service Announcement

ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Royale Home Construction Co.,ltd နဲ့ နည်းပညာ၊စီးပွားရေးဆိုင်ရာသတင်းအချက်အလက်တွေ၀န်ဆောင်မှုပေးနေတဲ့ Pioneer Century Myanmar Private Limited တို့ကလည်း ဒီဇင်ဘာ ၁၄ ရက်မှာ အစုရှယ်ယာရှင်တွေရဲ့ ဆန္ဒအလျောက်စာရင်းရှင်းလင်းဖျက်သိမ်းမယ်လို့ ကြေညာထားပါတယ်။

ဒါ့အပြင်အီတလီအခြေစိုက်ဆက်သွယ်ရေးနည်းပညာကုမ္ပဏီကြီး SIAE Microelettronica ရဲ့ ကုမ္ပဏီခွဲ SIAE Microelettronica Myanmar ကုမ္ပဏီလီမိတက် ကလည်း နို၀င်ဘာ ၂၆ ရက်မှာနောက်ဆုံးထားပြီး ဖျက်သိမ်းတော့မယ်လို့ နိုဝင်ဘာ ၁၆ ရက်ထုတ်သတင်းစာမှာဖော်ပြပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)ရဲ့စာရင်းအချက် အလက်တွေအရ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း MyCO အွန်လိုင်းမှတ်ပုံတင်စနစ်မှာ နှစ်စဉ်အစီ ရင်ခံစာ (AR) တင်သွင်းဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီစုစုပေါင်း ၁,၀၀၀ ရှိတယ်လို့ဆိုပါတယ်။

ဒါကြောင့် အခုနှစ် နှစ်၀က်အတွင်းမှာပဲ လုပ်ငန်းဆက်လက်မလည်ပတ်တော့တဲ့ ကုမ္ပဏီ ပေါင်းတစ်ထောင်ရှိတယ်လို့ သုံးသပ်ရပါတယ်။

၂၀၂၅ ခုနှစ်မှာ ကုမ္ပဏီ​ပေါင်း ၇,၃၀၀ ၊၂၀၂၄ ခုနှစ်မှာ ကုမ္ပဏီ​ပေါင်း ၁၉, ၀၀၀ ၊၂၀၂၃ ခုနှစ် မှာ ကုမ္ပဏီ ၆,၄၀၀၊ ၂၀၂၂ ခုနှစ်မှာ ကုမ္ပဏီ ၅,၁၀၀ နဲ့ ၂၀၂၁ ခုနှစ်မှာ ကုမ္ပဏီ ၂,၂၀၀ က နှစ်စဉ်အစီရင်ခံစာ တင်သွင်းဖို့ ပျက်ကွက်ခဲ့တယ်လို့ DICA က ထုတ်ပြန်ထားပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှာ မှတ်ပုံတင်ထားတဲ့ ပြည်တွင်း၊ပြည်ပ ကုမ္ပဏီပေါင်း ၈၆,၀၀၀ ကျော်ထဲက စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းကုမ္ပဏီ ထက်၀က်နီးပါးရပ်ဆိုင်းသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂျပန်ကုန်သွယ်ရေးကုမ္ပဏီကြီး Itochu Corporation လက်အောက်က Isuzu မော် တော်ယာဉ်လုပ်ငန်း စင်ကာပူအစိုးရလက်အောက်ခံ မြို့ပြစီမံကိန်း၊ အင် ဂျင်နီယာနဲ့ အတိုင်ပင်ခံ Surbana International Consultants ကုမ္ပဏီ ၊ ကမ္ဘာ့အကြီးဆုံး စာရင်းကိုင်နဲ့ စီးပွားရေးအကြံ ပေး ဝန်ဆောင်မှုလုပ်ငန်းကွန်ရက်ကြီး Price waterhouseCoopers (PwC)က မြန်မာက ထွက်ခွာမယ်လို့ အခုလပိုင်းထဲမှာအသီးသီးကြေညာထားပါတယ်။

လူသုံးကုန် နဲ့ စားသောက်ကုန် လုပ်ငန်းစုကြီး Unilever ကလည်း မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းရှယ်ယာတွေကို ရောင်းချသွားပြီး မြန်မာ့စျေးကွက်ကနေ ထွက်ခွာတော့မယ်လို့ ထုတ်ပြန်ထားပါတယ်။အခုလပိုင်းအတွင်းမှာ နိုင်ငံတကာ ကုမ္ပဏီ​တွေနဲ့ ပြည်တွင်းကုမ္ပဏီ​တွေရပ်ဆိုင်း​ကြောင်းဆက်တိုက်​ကြေညာ​​နေကြတာဖြစ်ပါတယ် ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေး ဖောင်းပွတာ၊လျှပ်စစ်မီး ပုံမှန်မရတာ၊ စစ်အုပ်စုရဲ့ဒေါ်လာငွေထိန်းချုပ်မှုတွေ၊အဂတ်လိုက်စားမှုများပြားတာ ၊ လုပ်သားရှားပါးလာတာ ၊သယ်ယုပို့​ဆောင်စာရိတ်​တွေကြီးမားတာစတာ​တွေကြောင့် ရပ်တည်ဖို့ခက်ခဲလာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

Facebook