Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ ကင်မ်ဂျုံအွန်းနဲ့ တွေ့ကောင်း တွေ့ဖြစ်နိုင်တယ်လို့ ထရမ့်ပြော

တရုတ် ခရီးစဉ်အတွင်းမှာ မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းနဲ့ တွေ့ကောင်း တွေ့ဖြစ်လောက်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

တရုတ် ခရီးစဉ်အတွင်းမှာ မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းနဲ့ တွေ့ကောင်း တွေ့ဖြစ်လောက်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ထရမ့်ဟာ အခုသီတင်းပတ်မှာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး အစည်းအဝေးနဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်)ရဲ့ ညီလာခံတွေ တက်ရောက်ဖို့ အာရှတိုက်ကို ခရီးထွက်ခွာလာပါတယ်။

သူဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ အာဆီယံ အစည်းအဝေး တက်ပြီးရင် အေပက် ညီလာခံအတွက် တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့ဆီကို ခရီးဆက်မှာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ တရုတ် ခရီးစဉ်အတောအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နဲ့ပါ သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲတစ်ခု ပြုလုပ်ဖို့ ကြိုတင် ညှိနှိုင်းထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါတင် မကသေးဘဲ သူဟာ ကင်မ်နဲ့ပါ လူချင်းတွေ့ကောင်း တွေ့နိုင်တယ်လို့ ထရမ့်က မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းတုန်းက ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ကင်းစင်ရေး အားထုတ်မှုအဖြစ် ကင်မ်နဲ့ သုံးကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။ လက်ရှိ ဒုတိယအကြိမ် သမ္မတ သက်တမ်းမှာတော့ သူတို့နှစ်ဦး ထပ်မတွေ့ကြပေမယ့် ထရမ့်ကတော့ ကင်မ်နဲ့ ဆွေးနွေးဖို့ စိတ်ဝင်စားကြောင်း အတိအလင်း အသိပေးထားပါတယ်။

အာရှခရီးစဉ် အထွက်ခွာခင် အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ထရမ့်က တရုတ်မှာ ရှီအပြင် ပူတင်နဲ့ပါ တွေ့ဆုံဖြစ်ကြောင်း၊ ဒါ့အပြင် ကင်မ်နဲ့လည်း တွေ့ကောင်း တွေ့ဖြစ်နိုင်ကြောင်း၊ ဒီတွေ့ဆုံမှုတွေက ကောင်းမွန်တဲ့ ကိစ္စဖြစ်ပြီး အောင်မြင်မှုတွေ အများကြီး ရလာမယ့် အခွင့်အလမ်း တစ်ခုလည်း ဖြစ်လာနိုင်ကြောင်း ထရမ့်က ဆိုပါတယ်။

ကင်မ်ကရော တရုတ်ကို လာမှာလားလို့ သတင်းထောက်တွေက မေးတဲ့အခါ ထရမ့် အဲဒါကိုတော့ သူမသိကြောင်း၊ ဒီကိစ္စက အိမ်ရှင်နိုင်ငံ ခေါင်းဆောင်ဖြစ်တဲ့ ရှီအပေါ်မှာ မူတည်သွားကြောင်း ပြန်ဖြေခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကတော့ ထရမ့်ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး ဘာမှ မတုံ့ပြန်ခဲ့ပါဘူး။

အေပက်ညီလာခံကို သွားရောက်ပြီး ထရမ့်နဲ့ တွေ့ဆုံနိုင်ခြေအပေါ် ထင်ကြေးအမျိုးမျိုး ထွက်ပေါ်နေချိန် နိုဝင်ဘာ ၁၆ ရက်နေ့မှာတော့ ကင်မ်ဟာ တရုတ်နဲ့ နယ်စပ်နားက ကမ္ဘာလှည့် ခရီးသွား အပန်းဖြေဇုန်တစ်ခု တည်ဆောက်မှုကို သွားရောက် စစ်ဆေးနေကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ဓာတ်ပုံတွေနဲ့တကွ ဖော်ပြခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

Facebook