Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူတိုက်ပွဲမှာ စစ်တပ်က စစ်သားတွေကို မူးယစ်ဆေးကျွေးစစ်တိုက်ခိုင်းနေတယ်လို့ မြို့နယ် ပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်သားတွေကို မူးယစ်ဆေးကျွေး စစ်တိုက်ခိုင်းပြီး မတိုက်သူတွေကို အချင်းချင်းပစ်မိန့်ပေးထားတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။

(စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသမှာ တွေ့ရတဲ့ စစ်သားတွေ။ ဓာတ်ပုံ - စစ်ကောင်စီ)

နိုဝင်ဘာ-၁၆၊၂၀၂၆။အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်သားတွေကို မူးယစ်ဆေးကျွေး စစ်တိုက်ခိုင်းပြီး မတိုက်သူတွေကို အချင်းချင်းပစ်မိန့်ပေးထားတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်းဖမ်းမိတဲ့ စစ်သုံ့ပန်းတွေရဲ့ ထုတ်ဖော်ပြောကြားချက်ကို ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ နိုဝင်ဘာ ၁၆ရက်မှာ ထုတ်ပြန်တာဖြစ်ပါတယ်။

” အကြမ်းဖက်စစ်တပ်မှ စစ်ခွေးအချို့အား အရှင်ဖမ်းဆီးရရှိထားပြီး စစ်ဘက်တာဝန်ရှိသူများ၏ စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့အား မူယစ်ဆေးဝါးများ သုံးစွဲစေကြောင်း ၊ အရှေ့သို့ တက်ခိုင်းသည်ကို မတက်ပါက ပစ်မိန့်ပေးခိုင်းစေနေကြောင်း သိရှိရသည်”လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အင်းတော်-ထီးချိုင့်လမ်းကနေတဆင့် ကောလင်းမြို့နယ်ဘက်ကို နိုဝင်ဘာ ၃ရက်မှာ ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး အင်းတော်၊ ကောလင်း၊ မော်လူးမြို့နယ်တွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ကောလင်းနဲ့ ဆက်စပ်နေတဲ့ ကန့်ဘလူမြို့နယ်ကိုလည်း စစ်တပ်စစ်ကြောင်းဝင်လာတဲ့အတွက် တိုက်ပွဲတွေ ဖြစ်နေပါတယ်။

အထိနာနေတဲ့ စစ်တပ်က ရွှေဘို-မြစ်ကြီးနား ကားလမ်းပိုင်းနဲ့ မီးရထားလမ်းတလျောက် လေကြောင်းပစ်ကူယူ စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ ၊ အချိန်မီမတိမ်းရှောင်နိုင်တဲ့ ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်တာ ၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလုယက်တာတွေ ပြုလုပ်နေလို့ စစ်ရေးသတိအပြည့်ရှိကြဖို့လည်း တိုက်တွန်းထားပါတယ်။

ပြည်သူ တွေထိခိုက်နစ်နာမှုနည်းပါးစေဖို့အတွက် စစ်ဘက်-အရပ်ဘက် တာဝန်ရှိသူတွေရဲ့ လမ်းညွှန်ချက်၊ တာမြစ်ချက်တွေကို လိုက်နာကြဖို့လည်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကန့်ဘလူမြို့နယ်အတွင်း ဒီကနေ့ နိုဝင်ဘာ ၁၆ရက် မနက်အစောပိုင်းကတည်းက တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ သိရပါတယ်။

စစ်တပ်က စစ်ကိုင်းတိုင်းအပြင် ကျန်တိုင်းနဲ့ပြည်နယ်တွေမှာလည်း မူးယစ်ဆေးတွေသုံးပြီး စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။ ကရင်နီပြည်နယ်နဲ့မန္တလေးတိုင်းက တိုက်ပွဲတွေမှာလည်း တပ်ဖွဲ့ဝင်တွေကို စစ်တပ်အရာရှိတွေက မူးယစ်ဆေးကျွေးပြီး တိုက်ပွဲဝင်ခိုင်းနေတာလို့ သုံ့ပန်းတွေက ထုတ်ဖော် ဝန်ခံထားပါတယ်။

မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်ကတိုက်ပွဲတွေမှာလည်း စစ်မြေပြင်မှာ မူးယစ်ဆေးကျွေးပြီးစစ်တိုက်ခိုင်းသလို စစ်ကြောင်းရှေ့ဆုံးကနေ တိုက်ခိုင်းပြီး မိုင်းကွင်းကိုဖြတ်ခိုင်းခြင်း၊ ကြောက်လန့်ပြီး ပြန်ဆုတ်လာသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်သတ်ခြင်းတွေရှိခဲ့တယ်လို့ အာရက္ခတပ်တော်( AA)ထံ အလင်းဝင်ခဲ့တဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေက ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ