Connect with us

Hi, what are you looking for?

နိုင်ငံတကာ

James Bond ဖြစ်လာလို့ ဂုဏ်ယူနေတဲ့ ပက်တင်ဆန်

James Bond မင်းသားသစ် ရှာပုံတော်ဟာ နှစ်ရှည်လများ ကြာညောင်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ အဖြေပေါ်လာခဲ့ပါပြီ။ အင်္ဂလိပ် ရုပ်ရှင်မင်းသား၊ ရုပ်ရှင်ထုတ်လုပ်သူ ရောဘတ် ပက်တင်ဆန်ဟာ ကိုယ်ပိုင်အမှတ် 007နဲ့ ဂန္ထဝင်မြောက် ဗြိတိသျှ လူစွန့်စား သူလျှိုကြီးအဖြစ် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - PA

James Bond မင်းသားသစ် ရှာပုံတော်ဟာ နှစ်ရှည်လများ ကြာညောင်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ အဖြေပေါ်လာခဲ့ပါပြီ။ အင်္ဂလိပ် ရုပ်ရှင်မင်းသား၊ ရုပ်ရှင်ထုတ်လုပ်သူ ရောဘတ် ပက်တင်ဆန်ဟာ ကိုယ်ပိုင်အမှတ် 007နဲ့ ဂန္ထဝင်မြောက် ဗြိတိသျှ လူစွန့်စား သူလျှိုကြီးအဖြစ် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အသက် ၄၀ အရွယ် ပက်တင်ဆန်ဟာ James Bond ဇာတ်ရုပ်ကနေ အနားယူသွားပြီဖြစ်တဲ့ မင်းသားကြီး ဒန်နီရယ်လ် ကရိတ်ဂျ်ရဲ့ နေရာကို အစားထိုး ဆက်ခံမှာ ဖြစ်ပါတယ်။ အသက် ၄၀ အရွယ် ပက်တင်ဆန်ဟာ ကမ္ဘာကျော် စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကောင်ရဲ့ နေရာမှာ သရုပ်ဆောင်မယ့် သတ္တမမြောက် မင်းသားအဖြစ် မှတ်တမ်းဝင်လာပြီး ၂၆ ခုမြောက် James Bond ဇာတ်ကားသစ်က ၂၀၂၈ ခုနှစ်ထဲမှာ ရုံတင်ဖြစ်ဖွယ် ရှိနေပါတယ်။

James Bond ဆိုတာက ရုပ်ရှင်ရုံတွေရဲ့ ဂန္ထဝင်မြောက် ဇာတ်ကောင်တစ်ခုဖြစ်ကြောင်း၊ James Bond နေရာမှာ သရုပ်ဆောင်ဖို့ ယုံယုံကြည်ကြည် အပ်နှင်းခံရတယ် ဆိုတာက တစ်သက်စာ ဂုဏ်ယူနေရမယ့် အခွင့်အရေးမျိုး ဖြစ်တယ်လို့ ပက်တင်ဆန်က ပြောပါတယ်။

James Bond ဇာတ်ကားသစ်ကို ဒါရိုက်တာအဖြစ် ဒင်းနစ် ဗီလီနျူဗီက တာဝန်ယူသွားမှာဖြစ်ပြီး ဇာတ်ညွှန်းကို စတီဗန်နိုက်က ရေးသားမှာပါ။ ဒါပေမဲ့ ဇာတ်ကားရဲ့ နာမည်နဲ့ ရုံတင်မယ့် နေ့တွေကိုတော့ မကြေညာသေးပါဘူး။

Public Service Announcement

Public Service Announcement

သူ့ကို ယုံကြည်ပေးခဲ့တဲ့ ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့ကို ပြောမပြတတ်အောင် ကျေးဇူးတင်မိကြောင်း ပက်တင်ဆန်က သူ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ James Bond ဖြစ်ခွင့်ရတယ် ဆိုတာက အိပ်မက်တွေ လက်တွေ့ အကောင်အထည် ပေါ်လာတာ ဖြစ်ကြောင်း၊ James Bond ရုပ်ရှင်သစ် ဝိုင်းတော်သားတွေနဲ့ အလုပ်တွဲလုပ်ခွင့်ရဖို့ မစောင့်နိုင်အောင် ဖြစ်နေမိကြောင်း ပက်တင်ဆန်က ပြောပါတယ်။

နောက်ထပ် James Bond ရုပ်ရှင်သစ်မှာ ကရိတ်ဂျ်ရဲ့ နေရာကို ဆက်ခံမယ့် မင်းသားက ဘယ်သူဖြစ်မလဲ ဆိုတာကို နှစ်တွေနဲ့ချီ မဆုံးဖြတ်နိုင်ခဲ့ဘဲ ထင်ကြေးတွေလည်း အမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။ James Bond ရုပ်ရှင်တွေကို အစဉ်အလာအရ ဘာဘရာ ဘရော့ကိုလီနဲ့ မိုက်ကယ်ဂျီ ဝီလ်ဆန်တို့ကပဲ ထုတ်လုပ်ခဲ့ပေမယ့် ရုပ်ရှင် မူပိုင်ခွင့်ကို ထိန်းချုပ်ထားတဲ့ မိခင်ကုမ္ပဏီ MGMကို လက်လွှဲ ဝယ်ယူထားတဲ့ Amazonက ရုပ်ရှင်အသစ်ရဲ့ ထုတ်လုပ်ရေး ကဏ္ဍကို တာဝန်လွှဲယူသွားမှာ ဖြစ်ပါတယ်။

ရည်မှန်းထားတဲ့အတိုင်း ၂၀၂၈ မှာ ရုံတင်ဖြစ်မယ်ဆိုရင် James Bond ဇာတ်ကားသစ်ဟာ နောက်ဆုံးထွက်ထားတဲ့ No Time to Die ဇာတ်ကားအပြီး ၇ နှစ်အကြာမှာ ပိတ်ကားပေါ် ရောက်လာမယ့် သဘောပါ။ ဒါဟာ James Bond ရုပ်ရှင်တွေ သမိုင်းမှာ ရုပ်ရှင်နှစ်ခုကြား အကြာဆုံး အချိန်ခြားနားမှုလည်း ဖြစ်လာပါတယ်။

ပက်တင်ဆန်ဟာ Harry Potter၊ Twilightစတဲ့ ဇာတ်ကားတွေနဲ့ စတင်အောင်မြင်လာပြီး The Batman၊ The Odysseyတို့လို ဟောလိဝုဒ်ရဲ့ အောင်မြင်တဲ့ ရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

Facebook