Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့နယ်စပ်ရေးရာဒုဝန်ကြီးယာဉ်တန်းကို PDF Zoland မိုင်း‌ဆွဲတိုက်ခိုက်

ချင်းပြည်နယ် ဖလမ်းကနေ တီးတိန်ကို ဦးတည်လာတဲ့ စစ်တပ်ရဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် ပါဝင်တဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PDF Zolandက ထုတ်ပြန်ပါတယ်။

Screenshot

နိုဝင်ဘာ-၁၆၊၂၀၂၆။ People’s Spring

ချင်းပြည်နယ် ဖလမ်းကနေ တီးတိန်ကို ဦးတည်လာတဲ့ စစ်တပ်ရဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် ပါဝင်တဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PDF Zolandက ထုတ်ပြန်ပါတယ်။

စစ်တပ်ဒုဝန်ကြီး အပါအဝင်စစ်​ကောင်စီမှ ၂၅ ဦးပါဝင်ပြီး အိမ်စီးကား ၇ စီးနဲ့ Skat တစ်စီး ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ PDF Zoland က ဗီဒီယိုဖိုင်နဲ့အတူ ဒီနေ့(နိုဝင်ဘာ၁၆) ညမှာ ထုတ်ပြန်ထားပါတယ်။

ဗီဒီယိုဖိုင်မှာ စစ်‌တပ်ရဲ့ ယာဉ်တန်းကို ထိထိမိမိ ‌မိုင်းဆွဲတိုက်ခိုက်နိုင်တာကိုတွေ့ခဲ့ရပြီး ထိ​သေဆုံးထိခိုက်မှု ရှိ၊မရှိကိုတော့ စုံစမ်းဆဲဖြစ်တယ်လို့ PDF Zolandက အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီတိုက်ခိုက်မှုမှာ စစ်တပ်ရဲ့ ဒုဝန်ကြီး လိုက်ပါလာတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး လူထုနွေဦးအနေနဲ့ သီးသန့်အတည်မပြုနိုင်​သေးပါဘူး။

ဆက်စပ်သတင်းများ