Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့အနီး တိုက်ပွဲပြန်ဖြစ်

ရှမ်း-ကရင်နီ ဒေသအစပ် မိုးဗြဲမြို့အနီးမှာ တိုက်ပွဲပြန်ဖြစ်ပြီး စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က စစ်ကူဖို့ အင်အားဖြည့်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တာ၀န်ရှိသူတချို့က လူထုနွေဦးကို ပြောပါတယ်။

(ဗျူဟာအမှတ်-၁၁ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ဗျူဟာအမှတ်-၁၁)

နို၀င်ဘာ-၁၇၊၂၀၂၆။ဇော်၀င်း/People’s Spring

ရှမ်း-ကရင်နီ ဒေသအစပ် မိုးဗြဲမြို့အနီးမှာ တိုက်ပွဲပြန်ဖြစ်ပြီး စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က စစ်ကူဖို့ အင်အားဖြည့်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တာ၀န်ရှိသူတချို့က လူထုနွေဦးကို ပြောပါတယ်။

မနေ့က(နို၀င်ဘာ ၁၆ ရက်)မှာ မိုးဗြဲမြို့အနီး၀န်းကျင်က တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ကာကင်းစခန်းနေရာတချို့မှာ တိုက်ပွဲ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“အခြေနေကငြိမ်တာကြာပြီ။ ဒါပေမယ့် စကစ ဘက်က ကင်းထောက်တာတွေ လှုပ်ရှားနေတာအမြဲတွေ့ရတယ်။ မနေ့ကလက်နက်ကြီးငယ်အသံပြန်ကြားတယ်။ကာကင်း ရှေ့တနေရာမှာ ထိတွေ့မှုဖြစ်တယ်”လို့ မိုးဗြဲ PDF တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်က ၎င်းတို့လက်လွှတ်ထားရတဲ့ ကာကင်းစခန်းနေရာတချို့ကို ပြန်ရဖို့ ပြင်ဆင်မှုတွေရှိနေတယ်လို့လည်း သူက အသိပေးပါတယ်။

“သိရသလောက်တော့pno ၂၀၀ ကျော်စစ်ကူထိုးဖို့ကတော့ရှိမယ်။ဘယ်နေ့ရက်ဖြစ်မယ်တော့မပြောတတ်ဘူးပေါ့နော် ရန်သူဘက်လည်းပြင်ဆင်ထားတာများကြီးတွေ့ရတယ်”လို့ မိုးဗြဲအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၇ ရက်ကတည်းက မိုးဗြဲဒေသတွင်းအရေးပါတဲ့ လွယ်ယင်းတောင်ခြေကျေးရွာမှာ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ စစ်တပ်တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

မြေပြင်စစ်ရေးအခြေအနေကို သိရှိသူတွေရဲ့ ပြောဆိုချက်အရ စစ်တပ်ထံက စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားပြီး တော် လှန်ရေးဘက်ကလည်း ထိခိုက်ကျဆုံးသူတချို့ရှိပါတယ်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ ၁၀၀၁တပ်ရင်း၊တပ်ခွဲအမှတ် (၁)လင်းယုန်တပ်ခွဲ က ရဲဘော်တစ်ဦးနဲ့ ရှမ်းတောင်-ကယား (ကရင်နီ) စစ်တိုင်း၊ နည်းဗျူဟာအမှတ် (၁၁) ကွပ်ကဲမှုအောက်က DMOPDF အမှတ် (၁၁၀၂) တပ်ရင်းက ရဲဘော် ၂ဦး ကျဆုံးခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက မိုးဗြဲမြို့ပေါ်ကို ပြန်လည်ထိန်းချုပ်နိုင်ပေမယ့် မြို့ပြင်ဒေသတဝိုက်ကို တော်လှန်ရေးတပ်တွေက စိုးမိုးထားပါတယ်။

စစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ပြန်ထိန်းချုပ်ချင်နေတာဖြစ်ပါတယ်။နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Facebook