Connect with us

Hi, what are you looking for?

သတင်း

အာဆီယံအစည်းအဝေးကျင်းပနေချိန်မှာပဲဖာပွန်နယ်မြေကိုစစ်တပ်ဗုံးကြဲ

အာဆီယံထိပ်သီးအစည်းအဝေးကျင်းပနေချိန်မှာပဲကရင်ပြည်နယ်၊ဖာပွန်ခရိုင်ထဲက KNU တပ်မဟာ(၅)ထိန်းချုပ်နယ်မြေကိုအာဏာသိမ်းစစ်တပ်က နိုဝင်ဘာလ ၁၆ ရက်မှာ ဗုံးကြဲတာကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး ဘုရားကျောင်းနဲ့နေအိမ်တွေ ပျက်စီးသွားတယ်လို့ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။

ဓာတ်ပုံ - The Reporters

နိုဝင်ဘာ – ၁၇ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

အာဆီယံထိပ်သီးအစည်းအဝေးကျင်းပနေချိန်မှာပဲကရင်ပြည်နယ်၊ဖာပွန်ခရိုင်ထဲက KNU တပ်မဟာ(၅)ထိန်းချုပ်နယ်မြေကိုအာဏာသိမ်းစစ်တပ်က နိုဝင်ဘာလ ၁၆ ရက်မှာ ဗုံးကြဲတာကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး ဘုရားကျောင်းနဲ့နေအိမ်တွေ ပျက်စီးသွားတယ်လို့ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။

မနေ့က ဖာပွန်ခရိုင်၊ဘွာဒဲရွာနဲ့ လောဖလာသေ့ ရွာနှစ်ရွာ ဗုံးကြဲခံရတာပါ။

သေဆုံးသူနှစ်ဦးမှာတစ်ဦးကကျောင်းသားဖြစ်ပြီးကျန်တစ်ဦးကတော့အမျိုးသမီးဖြစ်တယ်လို့ကနဦးသိထားရပါတယ်။ဒါအပြင်လူရှစ်ဦးဒဏ်ရာရသလိုဘုရားကျောင်းနဲ့နေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုလိုဗုံးကြဲခံရတဲ့အချိန်ဟာဖိလစ်ပိုင်နိုင်ငံမှာ(၄၉)ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကျင်းပနေချိန်လည်းဖြစ်ပြီးမြန်မာအရေးဖြေရှင်းဖို့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို ဆက်လက်ကိုင်စွဲထားဆဲလို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံက အသိပေးထားပါတယ်။

အဲဒီဘုံသဘောတူညီချက် ငါးရပ်မှာတော့ အရပ်သားတွေအပေါ် အကြမ်း ဖက်မှုတွေချက်ချင်းရပ်တန့်ဖို့ဆိုတဲ့အချက်ပါဝင်ပါတယ်။ ဘုံသဘောတူညီချက်တွေကိုမလိုက်နာတာကြောင့်စစ်အုပ်စုခေါင်းဆောင်ပိုင်းတွေ ထိပ် သီးအစည်းအဝေးတက်ရောက်ခွင့်ကိုအာဆီယံကပိတ်ပင်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာဖာပွန်ခရိုင်ထဲက KNU တပ်မဟာ (၅) နယ်မြေကို ပြီးခဲ့တဲ့အောက်တိုဘာလလကုန်ပိုင်းကစတင်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လာခဲ့တာပါ။

KNU ရဲ့ထုတ်ပြန်ချက်အရဖာပွန်ခရိုင်မှာနှစ်ပတ်အတွင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့်အရပ်သားတစ်ဦးထက်မနည်းသေဆုံးပြီး အနည်းဆုံး လူကိုးဒဏ်ရာရခဲ့တဲ့အပြင် ဘုရားကျောင်းနဲ့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook