နိုဝင်ဘာ-၁၇၊ ၂၀၂၆။ ဇေအောင်/People’s Spring
မန္တလေးမြို့ ပညာရေးကောလိပ်ဝင်းအတွင်းက အဆောက်အဦးဟောင်း ဖြိုချစဥ် ပိမိ၍ အလုပ်သမား ၁ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက ချမ်းအေးသာဇံမြို့နယ်၊ ၆၆လမ်း၊ ၃၂လမ်းနဲ့ ၃၃လမ်းကြား၊ ပညာရေးကောလိပ်ဝင်း အနောက်ဘက်ခြမ်းမှာ အဆောက်အဦးအဟောင်းကို ဖြိုဖျက်စဥ် ထိခိုက်ခဲ့တာဖြစ်ကြောင်း နီးစပ်သူတွေက ပြောပါတယ်။
ပိမိသူတွေကို ကယ်ထုတ်ခဲ့ရပြီး ၁ဦးသေဆုံးခဲ့တယ်လို့ ကူညီသူတွေဆီက သိရပါတယ်။

Public Service Announcement
” နံကပ်(၂)ထပ်ပြိုကျတာ။ ယောကျာ်းလေး အလုပ်သမား ၅ ဦးထိခိုက်တယ်။ ၁ ဦး သေဆုံးတယ်”လို့ ကူညီသူတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ကျန်တဲ့ဒဏ်ရာရာ အလုပ်သမားတွေကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရပါတယ်။
ပညာရေးကောလိပ်ဝင်းတွေထဲ အလုပ်သမားထိခိုက်သေဆုံးမှုဟာ အခုဖြစ်စဥ်နဲ့ဆိုရင် ဒီလထဲ နှစ်ကြိမ်မြောက် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ကလည်း မိတ္ထီလာမြို့ ပညာရေးကောလိပ်ဝင်းအတွင်းမှာ အသစ်ဆောက်လုပ်ပြီးစီးထားတဲ့ ၁၈ ပေပတ်လည်၊ အနက် ၆ ပေခွဲ၊မြေအောက်ရေအုတ်ကန်အသစ်အတွင်းကို ငြမ်းဆင်းဖြုတ်တဲ့ အလုပ်သမားတွေ အောက်ဆီဂျင်ပြတ်လပ်မှုဖြစ်ပွားပြီး ၄ ဦး သေဆုံးကာ ၁ ဦး ဆေးကုသမှုခံယူနေရကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ဖြစ်စဥ်နဲ့ပတ်သက်ပြီး သေဆုံးခဲ့တဲ့ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်မလုံခြုုမုုအခြေအနေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။


























































