Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့အနီး တိုက်ပွဲဆက်ပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်မြို့အနီး ဒီကနေ့ နိုဝင်ဘာ ၁၇ရက်မနက်စောပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

(၁၀၂၇ စစ်ဆင်ရေးအတွင်း မိုးမိတ်မြို့သိမ်းအပြီးတွေ့ရတဲ့ တော်လှန်ရေး ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - MDY-PDF)

နိုဝင်ဘာ-၁၇၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်မြို့အနီး ဒီကနေ့ နိုဝင်ဘာ ၁၇ရက်မနက်စောပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

မိုးမိတ်မြို့နဲ့ မြစ်ဆုံလမ်းပိုင်းအနက် မြို့အနီးဘက်အခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး မနက် ၁၀နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ရော ရဟတ်ယာဉ်နဲ့ပါ ဗုံးကြဲတာလို့ ဒေသခံတွေက ပြောပါတယ်။

“မြို့အပြင်ဘက် ထွက်မရဘူး။ စစ်တပ်က ပိတ်ထားတယ်။ စစ်တပ်နဲ့တွေ့တဲ့ ရွာထဲက အမေကြီးတချို့ စစ်သားတွေကို ကြောက်လို့ ရှိခိုးကန့်တော့ပြီးမှ ပြန်လာရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်တလောမှာ တိုက်ပွဲဖြစ်နေတဲ့ မိုးမိတ်-မဘိမ်းလမ်းအပြင် မိုးမိတ် – မိုးကုတ်၊ မိုးမိတ်-တွင်းငယ်-သပိတ်ကျင်းလမ်းပိုင်းတွေမှာ ခရီးသွားတွေ လုံခြုံရေးသတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်( KIA)ပူးပေါင်းတပ်တွေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက သတိပေးထားပါတယ်။

မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းတပ်မတော်(TNLA)က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။

မိုးမိတ်မြို့နဲ့အတူ မိုးကုတ်မြို့ကို တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် စစ်ကောင်စီထံကို ၂၀၂၅ အောက်တိုဘာလမှာ TNLA က ပြန်ပေးခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ မိုးကုတ်-မိုးမိတ်လမ်းကနေ စစ်ကောင်စီစစ်ကြောင်းတွေဝင်လာတာပါ။

စစ်တပ်က ၂၀၂၆ နှစ်ဆန်းပိုင်းကစပြီး မိုးမိတ်မြို့ကို အင်အားအများအပြားတိုးခဲ့သလို မိုးမိတ်-မဘိမ်းလမ်းအတိုင်း ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းကို စစ်ကြောင်းထိုးဖို့ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာကတိုက်ပွဲတွေမှာတော့ KIA ပူးပေါင်းတပ်တွေက စစ်ရေးအသာစီးရလာပြီး စစ်တပ် စစ်ကြောင်းတွေက မိုးမိတ်မြို့ဘက်ကိုပြန်ပြီးဆုတ်ခွာလာရတာလို့ သိရပါတယ်။

နိုဝင်ဘာ ၁၂ရက်ကလည်း မိုးမိတ်မြို့အနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်က တိုက်ပွဲတွေမှာ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲလို့ ၁၂ရက်အတွင်း အရပ်သား ၄ဦးသေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ဦး ဒဏ်ရာရခဲ့ပါတယ်။စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေသလို နိုင်ငံတကာအနေနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကိုအရေးယူပေးဖို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)က ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Facebook