Connect with us

Hi, what are you looking for?

သတင်း

အမျိုးသမီးငယ်တွေကိုအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တဲ့ စစ်ကြောင်း မြင်းခြံနယ်မှာပြည်သူတွေရဲ့လက်ဝတ်လက်စားနဲ့ဆန်​တွေ၊ပဲ​တွေကိုလုယက်​​နေ

ဒေသခံအမျိုးသမီးငယ်တွေကိုအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တဲ့နွားထိုးကြီးမြို့ပေါ်ကရဲစစ်ကြောင်းဟာ မြင်းခြံမြို့နယ်ထဲကရွာ၃ရွာကိုစစ်​ကြောင်းထိုးပြီးဒေသခံပြည်သူ တွေရဲ့နားကပ်အရံ၂၀ ကျော်နဲ့စားသောက်ကုန် တွေအကုန်ယူသွားတယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကပြောပါတယ်။

(ရဲစစ်​ကြောင်းကို PDF နဲ့ပကဖ​တွေကတိုက်ခိုက်ပြီး​နောက် ရဲစစ်​ကြောင်းကကျန်ခဲ့တဲ့အဝတ်စ(ပုံ​ဟောင်းဖြစ်ပါတယ်))

နိုဝင်ဘာ-၁၇၊၂၀၂၆။ကတ်သရင်း/People’s Spring

ဒေသခံအမျိုးသမီးငယ်တွေကိုအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တဲ့နွားထိုးကြီးမြို့ပေါ်ကရဲစစ်ကြောင်းဟာ မြင်းခြံမြို့နယ်ထဲကရွာ၃ရွာကိုစစ်​ကြောင်းထိုးပြီးဒေသခံပြည်သူ တွေရဲ့နားကပ်အရံ၂၀ ကျော်နဲ့စားသောက်ကုန် တွေအကုန်ယူသွားတယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကပြောပါတယ်။

စစ်အုပ်စုကနွားထိုးကြီး -မြင်းခြံလမ်းအတိုင်းအင်အား၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာပြီး စံပြ၊ဇီးပင်ကန်၊ထိန်ပန်းရွာတို့ကိုဝင်ကာ နေအိမ်တွေ ထဲအထိဝင်ပြီး ဒေသခံအမျိုးသမီး တွေဝတ်ထားတဲ့ နားကပ်တွေ၊ရွှေ‌‌၊ငွေ၊လက်ဝတ်လက်စား​တွေ နဲ့ ပဲ​တွေ၊ဆန်​တွေကို အကုန်လုယက်ယူ​ဆောင်သွားတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သိရပါတယ်။

“အခုစစ်ကြောင်းတွေကပစ္စည်းတွေယူတာဗျ။ဒေသခံ တွေကရှောင်တာ။တောထဲတွေပဲဆိုတော့ တောထဲကနေ ရွာထဲပြန်လာဖို့ ခေါ်တယ်။အဲတာပြီးရင်ပစ္စည်းအကုန်ချွတ်ယူတာ။အခုက မြေပဲ ပေါ်ချိန်ဆိုတော့ပဲတွေ၊ဆန်တွေပါအကုန်သယ်ယူတာ”လို့ မြင်းခြံမြို့နယ်၊ပကဖ သတင်းပြန်ကြား ရေးတာဝန်ရှိသူ လူထု​​နွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းဟာနိုဝင်ဘာလ၁၄ ရက်နေ့က ထိန်ပင်ရွာကို ရောက်ခဲ့ပြီး နိုဝင်ဘာ ၁၆ မှာပြန်ထွက်ပါတယ် ။အဲဒီ​နောက် ကုက္ကိုလ်ရဲရွာကတဆင့် နိုဝင်ဘာ ၁၇ ရက်မှာ နဘူးအိုင်ရွာကိုထွက်သွားတယ်လို့ ​​ဒေသခံအချို့က​ပြောပါတယ်။

ဒီစစ်ကြောင်းရဲ့​ရှေ့ ‌‌‌‌‌‌‌‌‌‌‌ဆုံးမှဒရုန်းကားပါပြီး ခြေလျင်တပ်ဖွဲ့ဝင်​တွေ၊ကားတွေနဲ့ စုပေါင်းစစ်ကြောင်းထိုးတာဖြစ်ပြီး ဝင်သမျှရွာတိုင်းကို ဒရုန်းနဲ့အရင်ကင်း​ထောက် ဗုံးချပြီးမှအိမ်တွေကိုဝင်မွှေ လေ့ရှိတယ်လို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

ဒီစစ်ကြောင်းဟာအောက်တိုဘာလ၅ ရက်နေ့က ထနောင်းပင်လဲရွာကဒေသခံ အမျိုးသမီးငယ်၅ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။ဒါ့အပြင် နိုဝင်ဘာလ၄ရက် နေ့က နွားထိုးကြီးမြို့နယ်၊ဆူးဖြူကုန်းရွာအဘိုး၊အဘွားနှစ်ဦးကို ဓားပြတိုက်မီးရှိူ့သတ်ခဲ့တဲ့စစ် ကြောင်းလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Facebook