Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့က စစ်တပ်စခန်း ၁ခုကို KIA ပူပေါင်းတပ် ထပ်သိမ်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်( KIA)ပူးပေါင်းတပ်တွေက ထပ်မံသိမ်းယူလိုက်ပြီး တိုက်ပွဲအတွင်းဒဏ်ရာရခဲ့တဲ့ စစ်သားတွေကို မြို့ထဲက စခန်းချတဲ့နေရာတွေမှာ ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

(၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကာလက မိုးမိတ်မြို့မှာရှိတဲ့ စစ်တပ် ကင်းစခန်းကို တအာင်းတပ်မတော်ပူးပေါင်းတပ်က သိမ်းပိုက်ခဲစဉ်။ ဓာတ်ပုံ − TNLA)

နိုဝင်ဘာ-၁၉၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်( KIA)ပူးပေါင်းတပ်တွေက ထပ်မံသိမ်းယူလိုက်ပြီး တိုက်ပွဲအတွင်းဒဏ်ရာရခဲ့တဲ့ စစ်သားတွေကို မြို့ထဲက စခန်းချတဲ့နေရာတွေမှာ ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

နိုဝင်ဘာ ၁၇ရက်က တိုက်ပွဲမှာ မိုးမိတ်-မြစ်ဆုံ-မဘိမ်းလမ်းပိုင်း ၄မိုင်၊ ၅မိုင်နဲ့ ၆မိုင်ကြားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြားကစခန်းတစ်ခုကို သိမ်းယူနိုင်ခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

” တိုက်ပွဲပြင်းထန်တာက ကြားနေရလို့ သိတယ်။ စခန်းသိမ်းနိုင်တာကို မနေ့က သိတာ။ စစ်တပ်က စခန်းကို စွန့်ပြေးရတာ။ သူတို့ထွက်ပြေးလာတဲ့နေ့က မြို့ထဲမှာ စစ်ကားတွေ ရှုပ်နေတာ”လို့ ၎င်းကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရတဲ့ ‌စစ်သားတွေကို သယ်လာတဲ့ စစ်ကားတွေက မြို့အတွင်းမှာ အမြန်မောင်းလာပြီး မြို့တွင်း တပ်စွဲထား‌တဲ့နေရာတွေမှာ ဆေးကုနေတာလို့ သိရပါတယ်။

မိုးမိတ်-မြစ်ဆုံ-မဘိမ်းလမ်းပိုင်း ၄မိုင်၊ ၅မိုင်နဲ့ ၆မိုင်ကြားမှာ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က တိုက်ခိုက်ရေးလေယာဉ်နဲ့ လေကြောင်း ပစ်ကူခဲ့ကြောင်းKIA သတင်းပြန်ကြားရေးဌာနက နိုဝင်ဘာ ၁၈ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ကချင်နဲ့ ရှမ်းမြောက်စစ်ရေးသတင်းဆွေ ထုတ်ပြန်ပေးနေတဲ့ တောတေလူမှုကွန်ရက်စာမျက်နှာတစ်ခုမှာတော့ မိုးမိတ်က စစ်တပ်စခန်းကြီးတစ်ခုကို KIA တပ်ပေါင်းစုတွေ ထပ်မံ သိမ်းပိုက်ရရှိကြောင်း ရေးသားထားပါတယ်။

” စစ်တပ် အရမ်းအထိနာနေတယ်။ပြန်ဆုတ်လာတာ မြို့နားအထိ ရောက်နေပြီ”လို့ ‌မြို့ခံတစ်ဦးက ပြောပါတယ်။

မိုးမိတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်မတော်(TNLA) ပူးပေါင်းတပ်က သိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ်။ မိုးမိတ်မြို့နဲ့အတူ မိုးကုတ်မြို့ကို တရုတ်အစိုးရရဲ့ဖိအားပေးမှုကြောင့် စစ်ကောင်စီထံကို ၂၀၂၅ အောက်တိုဘာလမှာ TNLAက ပြန်ပေးခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ မိုးကုတ်-မိုးမိတ်လမ်းကနေ စစ်ကောင်စီစစ်ကြောင်းတွေဝင်လာတာပါ။

စစ်တပ်က ၂၀၂၆ နှစ်ဆန်းပိုင်းကစပြီး မိုးမိတ်မြို့ကို အင်အားအများအပြားတိုးခဲ့သလို မိုးမိတ်-မဘိမ်းလမ်းအတိုင်း ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းကို စစ်ကြောင်းထိုးဖို့ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလကတိုက်ပွဲတွေမှာတော့ ( KIA)ပူးပေါင်းတပ်တွေက စစ်ရေးအသာစီးရလာပြီး စစ်တပ်စစ်ကြောင်းတွေက မိုးမိတ်မြို့ဘက်ကိုပြန်ပြီးဆုတ်ခွာလာရတာလို့ သိရပါတယ်။ စက်တင်ဘာအတွင်းက တိုက်ပွဲ‌တွေမှာ မိုးမိတ်မြို့အနီး ဗျူဟာကုန်းနဲ့ စခန်းအချို့ကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်ရှိမှာ တိုက်ပွဲဖြစ်နေတဲ့ မိုးမိတ်-မဘိမ်းလမ်းအပြင် မိုးမိတ် – မိုးကုတ်၊ မိုးမိတ်-တွင်းငယ်-သပိတ်ကျင်းလမ်းပိုင်းတွေမှာ ခရီးသွားတွေ လုံခြုံရေးသတိပြုကြဖို့ KIAပူးပေါင်းတပ်တွေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေက သတိပေးထားပါတယ်။

“၅မိုင်ကိုတိုးလာတဲ့ စကစယာယီအခြေပြုနေရာကို ရှင်းလင်းပြီးတာပါ”လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က စစ်တပ်စခန်းသိမ်းရမှု အခြေအနေကို ပြောပြပါတယ်။ အထိနာတဲ့ စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဆက်စပ်သတင်းများ