နိုဝင်ဘာ-၁၉၊၂၀၂၆။သုည/Peoples Spring
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ UNHCR ရုံးရှေ့မှာ တော်လှန်ပြည်သူတွေက ရိုဟင်ဂျာ အရေးနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က မြန်မာနိုင်ငံအပေါ် တရားစွဲဆိုအမိန့်ချမှုအပေါ် ထောက်ခံကြိုဆိုကြောင်းနဲ့ ရိုဟင်ဂျာတွေဘက်က ရပ်တည်ကြောင်း ဖော်ပြတဲ့ လှုပ်ရှားမှုကို ဒီကနေ့ (နိုဝင်ဘာ ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုကို Burmese Exile Movement အဖွဲ့နဲ့အတူ ရန်ကုန်လူထုသပိတ်မှ ပူပေါင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
တော်လှန်ပြည်သူတွေက မဲဆောက်မြို့ရှိ UNHCR ရုံးရှေ့ “Welcome ICJ, End The Myanmar Junta , We Stand With The Rohingya” စာသားပါ Sticker ကပ်ခြင်းနဲ့အတူ “ငါတို့သည် ရိုဟင်ဂျာများသာ” စာတန်းပါ အင်္ကျီနဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားမှုကို ကြိုဆိုကြောင်း လုပ်ဆောင်ခဲ့တာပါ။

Public Service Announcement
ယမန်နေ့ကလည်း ရန်ကုန်မြို့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့မှာ ICJ က ရိုဟင်ဂျာ အရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုအပေါ် ထောက်ခံကြိုဆိုကြောင်းနဲ့ ရိုဟင်ဂျာတွေဘက်က ရပ်တည်ကြောင်း ဖော်ပြတဲ့ ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ခဲ့ပါတယ်။























































