Connect with us

Hi, what are you looking for?

သတင်း

ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို မြန်မာ့လုံခြုံရေး တပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့ကြောင်း ICJ စစ်ဆေးတွေ့ရှိ

ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့တယ်ဆိုတာ စစ်ဆေး တွေ့ရှိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ရဲ့ စီရင်ချက် ဖတ်ကြားမှုမှာ တရားသူကြီးက ပြောကြားသွားပါတယ်။

ဓါတ်ပုံ- UN Web TV screengrab

နိုဝင်ဘာ-၁၉၊၂၀၂၆။People’s Spring

ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့တယ်ဆိုတာ စစ်ဆေး တွေ့ရှိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ရဲ့ စီရင်ချက် ဖတ်ကြားမှုမှာ တရားသူကြီးက ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံအပေါ် ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး တရားရုံးက စီရင်ချက်ကို ဖတ်ကြားနေဆဲဖြစ်ပြီး ရိုဟင်ဂျာ လူအဖွဲ့အစည်းဟာ စစ်တပ်ရဲ့ ၂၀၁၇ နယ်​မြေရှင်းလင်း​ရေးစစ်ဆင်​ရေးအတွင်းမှာလိင်အကြမ်းဖက်မှု၊ အစုအပြုံလိုက် သတ်ဖြတ်မှု၊ ၅ နှစ်​အောက်က​လေးငယ်​တွေကိုပါ​ရာ​ပေါင်းများစွာသတ်ဖြတ်ခံရမှုစတာ​တွေ ကြုံတွေ့ ခံစားခဲ့ရကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

မြန်မာနိုင်ငံက လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့သလို လိင်အကြမ်းဖက်မှုတွေ၊ ကလေးသူငယ်တွေအပေါ် အလွန်အကျွံ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တဲ့အပြင် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာတွေကိုပါ တိုက်ခိုက်ခဲ့တာ စစ်ဆေး တွေ့ရှိခဲ့ကြောင်း တရားရုံးက ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ