Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က နိုဝင်ဘာလဝက်အတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူနဲ့ အလင်းဝင်သူ ၅၀ ကျော်ရှိ

အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်မှုနဲ့ လက်နက်ချ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူများ ဆက်လက်ရှိနေရာ နိုဝင်ဘာ ပထမပတ်နဲ့ ဒုတိယပတ် နှစ်ပတ်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ဦးအထိ ရှိကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်း-ကချင်ဒေသအစပ်တိုက်ပွဲအတွင်း ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေ

နိုဝင်ဘာ ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က တပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်မှုနဲ့ လက်နက်ချ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူများ ဆက်လက်ရှိနေရာ နိုဝင်ဘာ ပထမပတ်နဲ့ ဒုတိယပတ် နှစ်ပတ်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ဦးအထိ ရှိကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

ပြည်သူ့ပန်းတိုင်က အပတ်စဉ်တင်ဆက်နေတဲ့ စကစ၏ “ပြေးဟပရောဂျက် ယခုတစ်ပတ်” အစီအစဉ်ကို နိုဝင်ဘာ ၁၉ရက်မှာ ထုတ်ပြန်ခဲ့ရာ နိုဝင်ဘာ ပထမပတ်နဲ့ ဒုတိယပတ် နှစ်ပတ်တာ အခြေအနေကို စုစည်းအသိပေးခဲ့ရာ အလင်းဝင် ပူးပေါင်းလာသူ ၇ဦး၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၄၆ ဦးရှိတယ်လို့ ဖော်ပြပါတယ်။

စစ်သုံပန်းအဖြစ် ဖမ်းဆီးခံရသူများအနက် စစ်သား ၄၁ဦးနဲ့ ရဲ ၁ဦး၊ ပြည်သူ့စစ် ၄ဦး ပါဝင်ရာ ကချင်ပြည်နယ် တိုက်ပွဲမှာ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်သားအရေအတွက် အများဆုံးဖြစ်ပြီး ၃၆ဦးရှိတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အသေးစိတ်အခြေအနေတွေ ထုတ်ပြန်တာမရှိပေမဲ့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ ကချင်-စစ်ကိုင်းအစပ်နဲ့ ကချင်-မိုးမိတ်အစပ် တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေကို အရှင်ဖမ်းမိခဲ့တာရှိတယ်လို့ ဆိုပါတယ်။

ပြည်သူ့ပန်းတိုင်ကတော့ အာဏာသိမ်းစစ်တပ်ဟာ အဓမ္မ ပေါ်တာဆွဲ ဖမ်းထားတဲ့ စစ်မှုထမ်း တပ်သားသစ်တွေကို အသေခံ ထိုးကျွေးဖို့ ဆက်လုပ်နေကြောင်း ဖော်ပြပြီး စစ်ကောင်စီတပ်သားတွေ လက်နက်ချ အလင်းဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

“အရပ်ဝတ်လဲပြီး သမ္မတဖြစ်ရင် အာဆီယံတက်ခွင့်ရမယ် မျှော်လင့်ထားပေမယ့် ဒီတစ်ခါလည်း ဖယ်ကြဉ်ခံရပြန်ပါပြီ။ဒီအချိန်မှာ AA ကလည်း လက်ကျန် သုံးမြိုကို အပြီးသိမ်းဖို တရားဝင် ထုတ်ပြောလာပါတယ်။အာဏာရူးတွေကတော့ အဓမ္မပေါ်တာဆွဲ ဖမ်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေကို အသေခံ ထိုးကျွေးဖို ပြင်ဆင်နေပါပြီ။ အသက်ကို ဉာဏ်စောင့်ပါတယ်။ အလံဖြူထောင်၊ လက်နက်ချ၊ အလင်းဝင်ခြင်းဖြင့် ကိုယ့်အသက်ကိုယ် အချိန်မီကယ်ဆယ်ကြဖို ပြည်သူ့ပန်းတိုင်က အကြံပေးပါရစေ” လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ဇန်နဝါရီကနေ ၂၀၂၆ နိုဝင်ဘာလဝက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလင်းဝင်တာ လက်နက်ချတာ၊ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရတာ စုစုပေါင်း ၄၁၆၃ဦးအထိရှိပြီလို့ အသိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ