Connect with us

Hi, what are you looking for?

သတင်း

စစ်တွေကနေ ပုဏ္ဏားကျွန်းဘက် စစ်တပ်ထိုးစစ်နောက်တကြိမ်တပ်ဦးကျိုးပြန်

နိုဝင်ဘာ၁၉တစ်ရက်တည်းစစ်သား(၃၀)ဝန်းကျင်​သေဆုံးပြီး​လေ​ကြောင်းပစ်ကူ​ပေး​

(ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းက စစ်​တွေနဲ့ ပုဏ္ဏကျွန်းအစပ်တိုက်ပွဲ​တွေမှာ စစ်တပ်ထံမှ AA ကသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းစစ်သုံးပစ္စည်း​တွေနဲ့ စစ်သုံ့ပန်းအချို့။ ဓါတ်ပုံ-AA Info Desk)

နိုဝင်ဘာ-၁၉၊၂၀၂၆။ခိုင်မြတ်/People’s Spring

စစ်တွေမြို့နယ်ကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို နောက်ထပ်တကြိမ်အင်အားအများအပြားနဲ့ ထပ်မံထိုးစစ်ဆင်ဖို့ ကြိုးစားတဲ့ အာဏာသိမ်းစစ်တပ်ဟာ အခုတကြိမ်မှာလည်းသေဆုံးထိခိုက်သူများပြီး တပ်ဦးကျိုးလို့​လေ​ကြောင်းပစ်ကူအများအပြား​ပေး ခုခံ​နေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်မြစ်တွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းကနေ ညနေပိုင်းထိ စစ်တွေမြို့နယ် အမြင့်ကျွန်းရွာဝန်းကျင်၊ ရွှေမင်းဂံရေ တပ်စခန်းဝန်းကျင်တို့မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ ဒီနေ့တရက်တည်းမှာပဲ စစ်တပ်ဘက်က သေဆုံးသူ ၃၀ ဝန်းကျင်နဲ့ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ​မြေပြင်စစ်​ရေးရင်းမြစ်အချို့က​ပြောပါတယ်။

“တပ်ဦးကျိုးသွားပြီပြောလို့ရပါတယ်။ဒီရက်ပိုင်းတိုက်ပွဲမှာ တော်တော်အထိနာသွားတယ်။ ရှေ့တိုးလို့မရဘူး။ ဒီနေ့ ဆိုရင် အနည်းဆုံး ၃၀ လောက်​သေတယ်။ ရှင်းလင်းရေးမလုပ်နိုင်သေးလို့ပါ၊၃၀ ထက်များဖို့ပဲရှိတယ်။ ကိုယ့်ဘက်ကလည်း အထိအခိုက်တွေတော့ ရှိကြတယ်” လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တွေမြို့နယ်အတွင်းမှာ နိုဝင်ဘာ ၁၉ ရက်မနက်အစောပိုင်းကနေ တိုက်ပွဲပြင်းထန်ခဲ့ပြီး မနက်ပိုင်းတိုက်ပွဲအ တွင်းမှာပဲ စစ်တပ်ဘက်က သေဆုံးသူ ၃၀ ဝန်းကျင်ရှိခဲ့တာလို့ သိရပါတယ်။

ပါဒလိတ်တပ်ရင်းကအနေ အမြင့်ကျွန်းရွာကို ကျော်ပြီး ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာဘက် ထိုးစစ်ဆင်ဖို့ ကြိုးစားတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ရွှေမင်းဂံရေတပ်ကနေ ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောရွာဘက် တက်ဖို့ ကြိုး စားတဲ့ စစ်တပ်စစ်ကြောင်း​တွေကို AA က ဖြတ်​တောက်ပိတ်ဆို့တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။တိုက်ပွဲတွေအတွင်း စစ်တပ်ကဆယ်ချီသေဆုံးပြီး အထိနာတာ​ကြောင့် Y12 တစီး၊ ဂျက်ဖိုက်တာ ၁၀ စီးထက်မနည်းနဲ့ စစ်တွေမြို့နယ်အတွင်းက တိုက်ပွဲ ဆက်စပ်နေရာတွေကို ဗုံးအလုံးရေ ဆယ်ချီကြဲချပြီး ​မြေပြစ်ကစစ်တပ်ကိုပစ်ကူ​ပေးတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါ တယ်။

“လေယာဉ်လာတာ ဒီနေ့အများဆုံးပဲ။ မနက် ကိုးနာရီကျော်လောက်မှာ ဂျက်နှစ်စီးနဲ့ ချတယ်။ပြီးရင်နေ့ခင်းဘက် နှစ်နာရီကျော်လောက်ကနေ လေးနာရီကျော်လောက်ထိ နှစ်နာရီလောက်ဆက်တိုက် ကြဲတယ်။ ဗုံးအလုံးရေဘယ် လောက်ရှိမလဲ ရေလို့မရလိုက်တော့ဘူ။ အိမ်တွေတောင် ထိန့်တယ်” လို့ စစ်တွေမြို့နယ်နဲ့ ကပ်ရပ်ရှိ ပေါက်တော ဒေသခံတဦး က ပြောပါတယ်။

စစ်တပ်ဟာ တိုက်ပွဲနဲ့ ဆက်စပ်နေရာတွေအပြင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက လူနေကျေးရွာတွေကိုလည်း ဗုံးကြဲ ခဲ့ပြီး အထိအခိုက်တွေ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

“ဗုံးတွေက တော်တော်အလုံးကြီးတွေ၊ ကျောက်တော်ဘက်၊ မြောက်ဦးဘက်ကလူတွေတောင်ကြားရတယ် ပြောကြတယ်။ ကျွန်တော်တို့ ကြားသလောက်ဆိုရင် ဒီဘက်က ရွာတွေကိုလည်း ကျနိုင်တယ်။ လူတွေလည်း ထိခိုက်ရှိနိုင်တယ်။သတင်းတွေတော့မရသေးဘူး” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ဟာ နိုဝင်ဘာ ၁၉ ရက်​ညနေပိုင်း ရှစ်နာရီကျော်ထိလည်း မြို့ပေါ်တပ်ရင်းတွေနဲ့ အခြေစိုက်တပ်ရင်းတွေကနေ လက် နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ​ပြောပါတယ်။စစ်တွေမြို့နယ်အတွင်းက တပ်စခန်းတွေလက်လွှတ်ရပြီး စစ်သင်္ဘောတွေပါ ထိမှန်၊ ပျက်စီးခဲ့တဲ့ စစ်တပ်ဟာ စစ်တွေကနေ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ဆီ ဒုတိယအကြိမ်ထိုးစစ်လုပ်နေပြီး အမြင့်ကျွန်း၊ ငတောက်တက်၊ ရွှေမင်းဂံရေတပ်ဝန်းကျင်တို့ကနေ စစ်ကြောင်းထိုး၊ ထိုးဖောက်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က ပထမအကြိမ် အင်အားထောင်ကျော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ထိုးစစ်ဆင်ခဲ့ပြီး အဲဒီတုန်းကလည်း ရက်ပိုင်းအတွင်း တပ်ဦးကျိုးကာ သေဆုံး၊ ဒဏ်ရာရသူ ရာချီနဲ့ နောက်ပြန်လှည့် ခဲ့ရပါတယ်။ပထမအကြိမ်တပ်ဦးကျိုးနောက်ပြန်လှည့်ခဲ့ရတဲ့အပြင် စစ်တွေမြို့နယ်အတွင်းရှိ မူလက ထိန်းချုပ်ထားတဲ့ တပ်စ ခန်းတွေကိုပါ AA ထံလက်လွှတ်ခဲ့ရပါတယ်။ အဲဒီ​နောက်တစ်လ​ကျော်အကြာမှာ ဒုတိယအကြိမ်ထပ်မံထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်မှာလည်း ထပ်မံ တပ်ဦးကျိုးခဲ့တာဖြစ်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်ပေးခဲ့တဲ့ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ် နှစ်လကျော်အတွင်း AA ဟာ စစ်တွေမြို့နယ်အတွင်းက တပ်စခန်း ၁၃ ခုကို သိမ်းပိုက်ပြီး စစ်တပ်သင်္ဘော ၅ စီး ထက်မနည်းကို တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။

AA ဟာ လက်ရှိမှာ စစ်တွေမြို့နယ် ရွှေမင်းဂံဝန်းကျင်၊ အမြင့်ကျွန်းဝန်းကျင်ရှိ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်နေ သလို မြို့အနောက်ဘက် ရေချမ်းပြင်၊ ပြင်ရှည်ရွာဝန်းကျင်ရှိ စစ်တပ်စခန်းတွေ၊ အဲဒီအနီးရှိ ထောက်ပို့တပ်ရင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုုပ်(ဒကစ စစ်တွေ)အနီး နာရီကန်၊ ကျားမသောက်ဝန်းကျင် ကာကင်းစခန်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ဒါ့အပြင် စစ်တွေမြို့နယ်အရှေ့ဘက် ကုလားတန်မြစ်လယ်ရှိပေါက်တောမြို့နယ် ငပြီကျွန်းကိုလည်း စစ်တပ်ကကမ်းတက်ဖို့ကြိုးစားနေတာကြောင့် ကမ်းစပ်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပါတယ်။

စစ်တပ်ကရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန် ထိုးစစ်ဆင်နေခဲ့တာ နှစ်လကျော်ရှိ ပြီဖြစ်ကာ စစ်တပ်က ထိုးစစ်ဆိုပေမယ့် မြေပြင်မှာတော့ ခံစစ်အသွင်နဲ့ ခုံခံနေရတယ်လို့ ဆိုပါတယ်။

စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးနှစ်လကျော်အတွင်း စစ်တွေမြို့ နယ်အတွင်းက တပ်စခန်း ၁၃ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု ၊ စုစုပေါင်းတပ်စခန်း ၁၇ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပြီး အကျအဆုံးတွေလည်းရာချီ ရှိနေပြီဖြစ် တယ်လို့မြေပြင် သတင်းရင်းမြစ်တွေကပြောပါတယ်။

အာရက္ခတပ်တော်(AA)ကတော့မပြီးဆုံးသေးတဲ့တိုက်ပွဲတွေနဲ့ ဆက်လက်သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနေပြီး ကျန်နေသေးတဲ့ အာရက္ခဘိုးဘွားပိုင်နယ်မြေတွေကိုအာရက္ခပြည်သူတွေလက်ထဲသို့မကြာခင်ပေးအပ်သွားမယ်လို့အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ