Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မူးယစ်ဆေးဝါး မှောင်ခိုမှုအတွက် သေဒဏ်စီရင်ချက်ကို ဗီယက်နမ် ပယ်ဖျက်

မူးယစ်မှောင်ခိုမှုတွေအတွက် သေဒဏ်စီရင် ချမှတ်တဲ့ ပြစ်ဒဏ်ကို ဗီယက်နမ်က ပယ်ဖျက်လိုက်ပါတယ်။

ဓာတ်ပုံ - AFP

မူးယစ်မှောင်ခိုမှုတွေအတွက် သေဒဏ်စီရင် ချမှတ်တဲ့ ပြစ်ဒဏ်ကို ဗီယက်နမ်က ပယ်ဖျက်လိုက်ပါတယ်။

မူးယစ်မှောင်ခို အပါအဝင် တချို့သော ပြစ်ဒဏ်တွေအတွက် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် သေဒဏ် စီရင်နိုင်တယ် ဆိုတာကို နိုဝင်ဘာ ၂၀ မှာ ဗီယက်နမ်က ပြင်ဆင် ပြောင်းလဲလိုက်တာကြောင့် သေဒဏ်ထိုက်တဲ့ ပြစ်မှုဟာ ၄ မျိုးသာ ကျန်တော့မှာ ဖြစ်ပါတယ်။

ကွန်မြူနစ် အစိုးရ အုပ်ချုပ်နေတဲ့ ဗီယက်နမ်ဟာ ၂၀၁၃ ခုနှစ်မှာ လက်ဖြောင့်တပ်ဖွဲ့ကို အသုံးပြုပြီး သေဒဏ်စီရင်မှုကို အနားပေးခဲ့ပါတယ်။ အဲဒီအစား ဓာတုဆေးရည်တွေ ထိုးသွင်းပြီး ကွပ်မျက်တဲ့ နည်းလမ်းကို ဆက်လက် အသုံးပြုနေပါတယ်။ ဒါပေမဲ့ တစ်နှစ်ကို ရာဇဝတ်သား ဘယ်နှယောက်ထိ သေဒဏ်ပေးခဲ့သလဲ ဆိုတာကိုတော့ ဗီယက်နမ် အစိုးရက ဘယ်တုန်းကမှ ပွင့်ပွင့်လင်းလင်း မထုတ်ပြန်ခဲ့ပါဘူး။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဗီယက်နမ်မှာ ၂၀၂၃ နှစ်ကုန်ထိ စာရင်းတွေအရ ကွပ်မျက်ခံရသူ ၁၂၀၀ ကျော် ရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ စက်တင်ဘာလတုန်းကတော့ ဗီယက်နမ် မီဒီယာတွေက ပြင်သစ်ကနေ ဗီယက်နမ်ဆီ မူးယစ်ဆေး မှောင်ခို သယ်ယူသူ ၁၁ ဦး သေဒဏ်စီရင်ချက် ချမှတ်ခံခဲ့ရကြောင်း ဖော်ပြဖူးပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၂၀ မှာ အမျိုးသား ညီလာခံက ပြင်ဆင်ပြောင်းလဲခွင့် ပြုလိုက်တဲ့ ရာဇဝတ်သကြီးပုဒ်မတွေအရ သေဒဏ်ထိုက်တဲ့ ပြစ်မှုတွေဟာ လူသတ်တာ၊ နိုင်ငံကို သစ္စာဖောက်တာ၊ အကြမ်းဖက်မှု ကျူးလွန်တာ၊ တရားမဝင် မူးယစ်ဆေး ထုတ်လုပ်တာတွေပဲ ကျန်တော့မှာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး မှောင်ခိုမှုအပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ သူပုန်ထမှု၊ သက်ငယ်မုဒိမ်းမှုတွေကိုတော့ အရင်က အမြင့်ဆုံး သေဒဏ် သတ်မှတ်နိုင်ရာကနေ အခုအခါ ထောင်ဒဏ် တစ်သက်အဖြစ် ပြင်ဆင် ပြဋ္ဌာန်းလိုက်ပါတယ်။

ဗီယက်နမ်မှာ သေဒဏ်ကျခံနိုင်တဲ့ ပြစ်မှုတွေကို ၁၉၈၅ ခုနှစ်နောက်ပိုင်း ဆက်တိုက် လျှော့ချလာတာ အခုဆိုရင် ၄ ခုသာ ကျန်တော့တဲ့ သဘောပါ။ အဲဒီတုန်းကတော့ ဗီယက်နမ်မှာ သေဒဏ်မြောက်တဲ့ ပြစ်မှု အမျိုးအစား ၄၄ ခုထိ ရှိခဲ့ပါတယ်။

အမျိုးသား ညီလာခံမှာ သေဒဏ်သတ်မှတ်ချက်တွေ လျှော့ပေါ့ရေးကိစ္စ ဆွေးနွေးကြတဲ့အခါ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို သေဒဏ်ထိုက်တဲ့ စာရင်းက ဖယ်ထုတ်ဖို့ ကိုယ်စားလှယ် တချို့က သဘောမတူဘဲ ဖြစ်နေခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကိုယ်စားလှယ်တွေ အားလုံး ညှိနှိုင်းပြီး အဲဒီပြစ်မှုကို ထောင်ဒဏ်တစ်သက်အဖြစ် အမြင့်ဆုံး ပြောင်းလဲ သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

မူးယစ်မှောင်ခိုသမားတွေထဲမှာ သူတို့သယ်ယူလာတာ ဘာမှန်းတောင် မသိဘဲ လိမ်ညာလှည့်စား ခံရတာမျိုး၊ ဒါမှမဟုတ် ဆန္ဒမပါဘဲ အတင်းအကျပ် ခိုင်းစေခံရတာမျိုး ကြုံတွေ့ခဲ့သူတွေလည်း ပါဝင်နေတယ်လို့ ပြည်သူ့လုံခြုံရေး ဝန်ကြီး လောင်တမ်ကျန်က ပြောပါတယ်။

ဒီလိုလူတွေအတွက် ပညာပေးသွန်သင်ပေးပြီး သူတို့ရဲ့ ပြစ်မှုတွေကို ဆေးကြောဖို့ အခွင့်အရေး ရသင့်ကြောင်း၊ ဒါကြောင့် သူတို့ကို မဖြစ်မနေ သေဒဏ်ပေးစရာ မလိုတော့ဘူးလို့ ယုံကြည်ကြောင်း သူက မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

Facebook