Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်ရောက်နေတဲ့ စစ်တပ်စစ်ကြောင်းတွေကို ပိတ်ဆို့ထားတယ်လို့ မြိုင်ပကဖ ပြော

မကွေးတိုင်း၊မြိုင်မြို့နယ်ရောက်နေတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေ က ပိတ်ဆို့ထားတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

(မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − မြိုင် ပကဖ)

နို၀င်ဘာ-၂၂ ၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊မြိုင်မြို့နယ်ရောက်နေတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေ က ပိတ်ဆို့ထားတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

မြိုင်နဲ့ ပေါက်မြို့နယ် ဒေသအစပ်က တဲကြီးကျေးရွာနဲ့ မြိုင်မြို့နယ် တောင်ဘက်ခြမ်းက တဲကြီးပြည်သူ့စစ်ကျေးရွာမှာ စစ်တပ်စစ်ကြောင်းတွေ ရှိနေတာလို့ ဆိုပါတယ်။

“ဒီကောင်တွေ ငြိမ်နေတယ်။စစ်ကြောင်းနှစ်ခုစလုံး သိပ်မလှုပ်ရဲဘူးပြောရမှာပေါ့။အဲဒီနေရာကို သူတို့ဘက်က အချိန်အကြာကြီး ထိုင်ထားတာဆိုတော့ ကိုယ့်ဘက်က ပိတ်ထားတော့ သူတို့ မလှုပ်ရဲပါဘူး”လို့ အထက်ပါတာ၀န်ရှိသူက မြိုင်ဒေသ လက်ရှိစစ်ရေးအခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ လက်နက်ကြီး၊လေကြောင်းတိုက်ခိုက်မှု တွေကြောင့်လည်း တဲကြီးရွာနဲ့ရွာချင်းဆက်တွေက ဒေသခံပြည်သူ ထောင်နဲ့ချီ စစ်ရှောင်နေကြရဆဲလို့ သူက အသိပေးပါတယ်။

“ပြီးခဲ့တဲ့လက တွင်းမ ပျူရွာရောက် စစ်ကြောင်းက တဲကြီး စစ်‌ကြောင်းကို ကူမှာထက် တွင်းမ ပြည်သူ့စစ်ရွာကို လာထိုင်တာမျိုးဖြစ်နိုင်တယ်။စစ်ကြောင်း အရွေ့လည်း မရှိဘူး”လို့ မြိုင်မြို့နယ် တော် လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

မြိုင်မြို့နယ်အနောက်ခြမ်းက တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ရေနံမြေကို စစ်တပ်က ပြန်ထိန်းချုပ်ဖို့ ပြီးခဲ့တဲ့ ဇွန်လကတည်းက စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

လက်ရှိ မြိုင်မြို့နယ်တွင်းရောက်နေတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ မြိုင်မြို့အနောက်တောင်ဘက်က တပ်မတော်အကြီးစားစက်ရုံ (တစက−၃) ဒေသအခေါ် စက်မှု (၂)ကို ဖြည့်တင်းထားတဲ့ အင်အားတွေအရ တစ်ထောင်ထက်မနည်းရှိနိုင်တယ်လို့ ဒေသတွင်းစစ်ရေး သတင်းရင်းမြစ်တချို့က ခန့်မှန်းထားပါတယ်။

ဇွန်လကပြီး မြိုင်မြို့နယ်မှာ ၃လတာ တိုက်ပွဲတွေအတွင်း စစ်တပ်စစ်ကြောင်းဆီက လက်နက်ခဲယမ်းတွေရခဲ့တာရှိသလို တော်လှန်ရေးရဲဘော်တချို့လည်း ကျဆုံးခဲ့ရပါတယ်။

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း ၁လအတွင်း ကလေး ၂ဦးအပါအ၀င် အရပ်သား ‌၆ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ မြိုင်မြို့နယ်စစ်ရှောင်ကူညီနေတဲ့ အဖွဲ့တချို့က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

Facebook