Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နဲ့ပူး​ပေါင်းသွားတဲ့ စစ်ကိုင်းနဲ့ဝက်လက်က LPDF​တွေပျူ​စောထီးလုပ်​နေ

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် နဲ့ စစ်ကိုင်းမြို့နယ်တို့က စစ်တပ်နဲ့ ပူး​ပေါင်းသွားတဲ့ ​ဒေသခံကာကွယ်​ရေးအဖွဲ့ -LPDF အဖွဲ့​လေးဖွဲ့ဟာ စစ်တပ်လက်အောက်မှာ ပျူစောထီး တွေပြန်လုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

(ဆားတောင်မြို့နယ်ကဂျိမ်းစိုးအဖွဲ့မှ LPDF အချို့ စစ်တပ်ရဲ့ပျူ​စောထီးသင်တန်းတက်​နေစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

နိုဝင်ဘာ-၂၂၊၂၀၂၆။ကတ်သရင်း/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် နဲ့ စစ်ကိုင်းမြို့နယ်တို့က စစ်တပ်နဲ့ ပူး​ပေါင်းသွားတဲ့ ​ဒေသခံကာကွယ်​ရေးအဖွဲ့ -LPDF အဖွဲ့​လေးဖွဲ့ဟာ စစ်တပ်လက်အောက်မှာ ပျူစောထီး တွေပြန်လုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

LPDFအဖွဲ့​တွေဖြစ်တဲ့ ဆားတောင်မြို့နယ်ကဂျိမ်းစိုးအဖွဲ့၊ ဆားတောင်မိုးကြိုးလက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ ဝက်လက်မြို့နယ်က တံတားညီနောင်ပျံလွှားအဖွဲ့ ၊ မီးတောက်အဖွဲ့တို့ စစ်တပ်ရဲ့တပ်မ (၃၃) နဲ့ စက်တင်ဘာလမှာ ပူး​ပေါင်းခဲ့ကြပါတယ်။

စစ်တပ်ဘက်ကို ပြောင်းသွားတဲ့ (LPDF)​လေးဖွဲ့ဟာ စုစုပေါင်းခန့်မှန်းအင်အား ၄၀ ခန့်ရှိပြီး လမ်းပေါ် တရားမဝင် ငွေတောင်းဂိတ် တွေအပါအဝင် ငွေကြေးပြသာနာတွေ ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)ကအရေးယူဖို့လုပ်​နေချိန် စစ်အုပ်စုနဲ့ ပူးပေါင်းသွားတာလို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေနဲ့​ဒေသခံ​တွေက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာလ၂၁ ရက်နေ့၊စစ်တပ်ရဲ့ ပြည်သူ့စစ်သင်တန်းမှာဂျိမ်းစိုးအဖွဲ့ ဝင်တွေပါ​နေပြီး ဒေသခံ ပြည်သူ့စစ်ဖွဲ့မယ်လို့ ကြေညာထားပါတယ်။

ဝက်လက်မြို့နယ်ကမီးတောက်အဖွဲ့ခေါင်းဆောင်ကလည်း ဇနီးဖြစ်သူနဲ့အတူ စစ်တပ်လက်​အောက်ခံ စစ်ကိုင်း (လဝက)ရုံးမှာ နေထိုင်နေသလို သူ့တပ်ဖွဲ့ဝင်တွေကလည်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်တပ်ဂိတ်တွေမှာလုံခြုံ ရေးယူနေတာ တွေရှိတယ်လို့ ​တော်လှန်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။ရွှေဘိုမြို့ဝင်ဂိတ်၊စစ်ကိုင်းနှာပေါက်ဂိတ်၊တပ်မ(၃၃) အနီးကစစ်ကိုင်အထွက်ဂိတ်တွေမှာ စစ်တပ်နဲ့​ပူး​ပေါင်းခဲ့သူအချို့ရှိ​နေတယ်လို့ သိရပါတယ်။

တံတားညီ နောင် ပျောက်ကြားတပ်ဖွဲ့က ‌‌‌ပျံလွှားဆိုသူဦး ဆောင်ပြီး လက်ရှိတပ်မ(၃၃) ထဲမှာပဲရှိ​နေပြီး ပြည်သူ့စစ်(ပျူ​စောထီး)ပြန်လုပ် နေတယ်လို့ စုံစမ်းသိရပါတယ်။

“ဒီကောင်တွေကလမ်းပေါ်မှာတရားမဝင်တောင်းရမ်းတဲ့ကိစ္စတွေပဲ။အဲမှာတရားမဝင် ငွေကြေးကိစ္စတွေမှာ စုံခုံဖွဲ့စစ်ပြီး ပြန်ပေးခိုင်းတာ တွေဖြစ်တော့ မပေးနိုင်ပြီးစကစဆီပေါင်းသွားတာ။အထက်ရဲ့အမိန့်ကိုလည်းမနာခံ၊တော်လှန်ရေး သန္ဓေမမှန်ကြတာပေါ့”လို့ ဝက်လက်မြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

လက်ရှိမှာ စစ်တပ်နဲ့ပူးပေါင်းသွားသူတွေက သူတို့လူထားပြီးသတင်းစုံစမ်းခိုင်းတာ၊ကျန်နေတဲ့ LPDF တပ်ဖွဲ့ဝင်နဲ့ပြည်သူ တွေ အပေါ်ခြိမ်း ခြောက်တာ တွေလုပ် နေတယ်ဆိုပါတယ်။

“တိုက်နယ်တွေပေါင်းပြီးအလုပ် လုပ်ဖူးတာ တွေရှိတယ်။‌‌သူတို့ပြန်စစ်ကြောင်းထိုးလာရင် တော့ နယ်မြေကျွမ်းကျင်သူတွေဖြစ်နေတာမို့အန္တရာယ် ကတော့ ဒါရှိနိုင်တာပေါ့။ဂျိမ်းစိုးက ပုဂ္ဂိုလ်ရေးကိစ္စတွေများတယ်။သူပသစထဲဝင်သွားလည်း ပုဂ္ဂိုလ်ရေး မကျေနပ်တဲ့သူ တွေကိုပဲ ပြန်လုပ်မယ်ထင်တယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ဆက်စပ်သတင်းများ

Facebook