နိုဝင်ဘာ ၂၂၊၂၀၂၆။သုည/Peoples Spring
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်း ကျေးရွာတစ်ရွာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဥ်းသားတွေလွတ်မြောက်ရေးအတွက် FREE HER လူထုလှုပ်ရှားမှုကို နိုဝင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်
လှုပ်ရှားမှုကို လက်ပံတောင်းတောင်ပင်မသပိတ်နဲ့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့က တိုက်နယ်နဲ့ ရပ်ကျေး ပအဖအဖွဲ့တွေ ပူးပေါင်းပြီး ပြုလုပ်ခဲ့တာပါ။
တော်လှန်ပြည်သူတွေက “1989-2026 Still Asking For His Mother’s Freedom”၊ “Free Her” စာသားတို့နဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံတွေကို ကိုင်ဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးခံထားရသူ အားလုံးလွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံတဝန်းနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ FREE HER လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေကြတာပါ။
























































