Connect with us

Hi, what are you looking for?

သတင်း

NUG ပြည်ထောင်စုဝန်ကြီးဟောင်း နိုင်သု၀ဏ္ဏ ကွယ်လွန်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော နိုင်သုဝဏ္ဏ (ခ) နိုင်ထွန်းဖေဟာ နိုဝင်ဘာ ၂၁ရက်က ကွယ်လွန်သွားတာကြောင့် NUG ဝန်ကြီးဌာနအချို့နဲ့ PDF တပ်မှူးအချို့က ဝမ်းနည်းကြောင်းဖော်ပြထားပါတယ်။

နိုဝင်ဘာ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော နိုင်သုဝဏ္ဏ (ခ) နိုင်ထွန်းဖေဟာ နိုဝင်ဘာ ၂၁ရက်က ကွယ်လွန်သွားတာကြောင့် NUG ဝန်ကြီးဌာနအချို့နဲ့ PDF တပ်မှူးအချို့က ဝမ်းနည်းကြောင်းဖော်ပြထားပါတယ်။

အသက် (၈၇) နှစ်ခန့်ရှိပြီဖြစ်တဲ့ နိုင်သု၀ဏ္ဏဟာ နိုဝင်ဘာ ၂၁ရက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန် သွားတာလို့ ဆိုပါတယ်။

NUG ပညာရေးဝန်ကြီးဌာနရဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာမှာ ကျန်ရစ်သူ မိသားစုဝင်များ၊ ရဲဘော်ရဲဘက်များနဲ့ အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

မွန်-တနင်္သာရီဒေသ တော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်တပ်ကို တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၃၃) နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုကလည်း နိုင်သု၀ဏ္ဏ ကွန်လွန်သွားတဲ့အပေါ် များစွာ နှမြောတသဖြစ်ရကြောင်း ဖော်ပြပါတယ်။

ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ နိုင်သု၀ဏ္ဏဟာ မွန်နိုင်ငံရေးအင်အားစုများအကြား စည်းလုံးညီညွတ်မှု ရရှိရေး အတွက် ဇွဲမလျှော့ဘဲ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ဝါရင့် နိုင်ငံရေး ခေါင်းဆောင်ဖြစ်တယ်လို့ ရဲဘော်စောဒါးကိုက ဖော်ပြထားပါတယ်။

နိုင်သု၀ဏ္ဏဟာ မွန်တော်လှန်ရေးအင်အားစုတခုဖြစ်တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ကို ဦးဆောင်ခဲ့သူ တဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် မွန်ညီညွတ်ရေးပါတီ(MUP) ခေါင်းဆောင်တဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ပါတီမှ နှုတ်ထွက်ကာ NUGနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

NUGဟာ ၂၀၂၅နှစ်ကုန်ပိုင်းမှာ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရာမှာ နိုင်သု၀ဏ္ဏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ အလုပ်သမားဝန်ကြီးဌာနကို ဖျက်သိမ်းကာ လူသားစာနာဘေးစီမံ ဝန်ကြီးဌာနနဲ့ ပေါင်းစည်းလိုက်တာကြောင့် ပြည်ထောင်စုဝန်ကြီးအဖြစ်မှ အနားယူခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Facebook