Connect with us

Hi, what are you looking for?

သတင်း

တာမွေမြို့နယ်က ရွှေဆိုင်ကို လူငယ် ၂ဦး ဝင်ရောက်လုယက်

ရန်ကုန်မြို့၊တာမွေမြို့နယ်က ‌ရွှေဆိုင်တစ်ဆိုင်ကို ဆယ်ကျော်သက်အရွယ် လူငယ် ၂ဦးက ဝင်ရောက်လုယက်ခဲ့ကြောင်း ဆိုင်ပိုင်ရှင် အမျိုးသမီးက CCTV မှတ်တမ်းနဲ့အတူ လူမှူကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

နိုဝင်ဘာ-၂၃၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊တာမွေမြို့နယ်က ‌ရွှေဆိုင်တစ်ဆိုင်ကို ဆယ်ကျော်သက်အရွယ် လူငယ် ၂ဦးက ဝင်ရောက်လုယက်ခဲ့ကြောင်း ဆိုင်ပိုင်ရှင် အမျိုးသမီးက CCTV မှတ်တမ်းနဲ့အတူ လူမှူကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

” ကျွန်မဆိုင်မှာ ဖြစ်သွားတာပါ။အားလုံး သတိရှိကြပါ။ ကိုယ့်ဘာသာကာကွယ်မှ အဆင်ပြေတဲ့အခြေအနေမှာ လူဘာမှမဖြစ် မှန်အထူစားသုံးထားလို့မပါသွားတာပါ။ ဧည့်သည်လာလို့ခဏတခါးဖွင့်တုန်း အလစ်ချောင်းဝင်လာတာပါ။ သုံးရက်လောက်အရင်လေ့လာပြီးမှလုပ်တာနော်။ ခလေးလို့အထင်သေးလို့မရဘူး။ အားလုံးဂရုစိုက်ကြပါ”ဟု ဒီနေ့ (နိုဝင်ဘာ၂၃) နေ့လည်က ရေးသားထားပါတယ်။

CCTV မှတ်တမ်းမှာ Mask တပ်ထားတဲ့ လူငယ်နှစ်ဦးက ဆိုင်ထဲကို ဝင်ရောက်ခဲ့ပြီး လက်ဝတ်ရတနာ တွေကို လုယူဖို့ကြိုးစားခဲ့တာတွေ့ရပေမယ့် ပစ္စည်းတွေထည့်ထားတဲ့ မှန်ဗီဒို တံခါးတွေဖွင့်မရတာကြောင့် ပစ္စည်းတွေတော့ပါမသွားပါဘူး။

Public Service Announcement

Public Service Announcement

ဆိုင်အပြင်ဘက်မှာ ‌Mask တပ်ပြီးစောင့်နေတဲ့ လူငယ်တစ်ဦးကိုလည်းတွေ့ရပြီး ဝင်ရောက်လုယက်သူတွေ ထွက်ပြေးရချိန်မှာ Mask ကိုချွတ်ကာပြန်ထွက်သွားတာတွေ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်း မြင့်တက်လာမှုတွေနဲ့အတူ ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခိုးဆိုးလုယက် သတ်ဖြတ်မှုတွေက ဆက်တိုက်ဖြစ်နေတာကြောင့် ပြည်သူတွေကမလုံခြုံမှု ခံစားနေရကြောင်း ပြောကြားထားပါတယ်။

စစ်တပ်အနေနဲ့ကတော့ ပြည်သူတွေရဲ့ လုံခြုံရေးထက် ပွဲတွေကျင်းပဖို့ကိုသာ အာရုံစိုက်နေပြီး အရေးယူဆောင်ရွက်မှုပိုင်းအားနည်းတယ်လို့ ပြည်သူတွေကထောက်ပြထားပါတယ်။

နိုဝင်ဘာ ၂ရက်ကလည်း လမ်းမတော်မြို့နယ်က နေအိမ်တစ်အိမ် လုယက်မှုကျူးလွန်ခဲ့တာ‌ကို ဝင် ရောက်ကူညီသူ ဓားထိုးခံရပြီး သေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၂၁ ရက်ညကလည်း မင်္ဂလာတောင်ညွှန့်မြို့နယ် ပုသိမ်ညွှန့်ရပ်ကွက်က စတိုးဆိုင်ဖွင့်ထားတဲ့ နေအိမ်ကို ဝင်ခိုးတဲ့ အမျိုးသား ၃ဦးက အိမ်ရှင်တွေကို ဓားနဲ့ထိုးခဲ့တာကြောင့် အသက် ၂၄ နှစ်အရွယ် ၁ဦးသေဆုံးကာ အသက် ၆၀ ကျော်အမျိုးသမီး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ