Connect with us

Hi, what are you looking for?

News

မန္တလေးမှာ ဧည့်စာရင်းခပ်စိတ်စိတ်စစ်လာပြီး ရက်လွန်နေရင် ဒဏ်ကြေးဆိုကာ ငွေကြေးတောင်းတာတွေရှိနေ

“မီးပျက်နေတဲ့အချိန် ည၉နာရီလောက်က တံခါးခေါက်ပြီးဝင်စစ်သွားတယ်၊ တခြားရှာတာတော့မလုပ်ဘူး။၊အိမ်ထောင်စုဇယားမရှိရင် ဧည့်စာရင်းစာရွက်ပြခိုင်းတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

People's Spring
People's Spring

မန္တလေးမြို့ပေါ်က ရပ်ကွက်အများစုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီရက်ပိုင်းအတွင်း ဧည့်စာရင်း စစ်တာတွေကို ခပ်စိတ်စိတ်လုပ်လာတဲ့အပြင် ဒဏ်ကြေးဆိုကာ ပိုက်ဆံတောင်းတာတွေရှိနေတယ်လို့သိရပါတယ်။

မနေ့က ဇန်နဝါရီလ ၂ ရက်ညပိုင်းမှာဆို. အောင်မြေသာစံမြို့နယ် ၊ချမ်းမြသာစည်မြိ့နယ် နဲ့ပြည်ကြီးတံခွန်မြို့နယ်တွေထဲမှာ ဧည့်စာရင်းစစ်တာတွေကိုလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောကြပါတယ်။

“မီးပျက်နေတဲ့အချိန် ည၉နာရီလောက်က တံခါးခေါက်ပြီးဝင်စစ်သွားတယ်၊ တခြားရှာတာတော့မလုပ်ဘူး။၊အိမ်ထောင်စုဇယားမရှိရင် ဧည့်စာရင်းစာရွက်ပြခိုင်းတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒါပေမယ့် ဧည့်စာရင်းစာရွက်မှာ ရက်လွန်နေတာရှိရင် ဒဏ်ကြေးဆိုကာ တစ်ဦးကို ကျပ် ၃သောင်းအထိ ငွေတောင်းတာတွေ ရှိတယ်လို့လည်းစုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးရက်ပိုင်းအကြာမှာတင် စစ်ကောင်စီဟာ လူထုကို ဖိနှိပ်ဖို့အတွက် ဧည့်စာရင်းပြန်တိုင်ကြဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။