Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးမှာ ဧည့်စာရင်းခပ်စိတ်စိတ်စစ်လာပြီး ရက်လွန်နေရင် ဒဏ်ကြေးဆိုကာ ငွေကြေးတောင်းတာတွေရှိနေ

“မီးပျက်နေတဲ့အချိန် ည၉နာရီလောက်က တံခါးခေါက်ပြီးဝင်စစ်သွားတယ်၊ တခြားရှာတာတော့မလုပ်ဘူး။၊အိမ်ထောင်စုဇယားမရှိရင် ဧည့်စာရင်းစာရွက်ပြခိုင်းတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

People's Spring
People's Spring

မန္တလေးမြို့ပေါ်က ရပ်ကွက်အများစုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီရက်ပိုင်းအတွင်း ဧည့်စာရင်း စစ်တာတွေကို ခပ်စိတ်စိတ်လုပ်လာတဲ့အပြင် ဒဏ်ကြေးဆိုကာ ပိုက်ဆံတောင်းတာတွေရှိနေတယ်လို့သိရပါတယ်။

မနေ့က ဇန်နဝါရီလ ၂ ရက်ညပိုင်းမှာဆို. အောင်မြေသာစံမြို့နယ် ၊ချမ်းမြသာစည်မြိ့နယ် နဲ့ပြည်ကြီးတံခွန်မြို့နယ်တွေထဲမှာ ဧည့်စာရင်းစစ်တာတွေကိုလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောကြပါတယ်။

“မီးပျက်နေတဲ့အချိန် ည၉နာရီလောက်က တံခါးခေါက်ပြီးဝင်စစ်သွားတယ်၊ တခြားရှာတာတော့မလုပ်ဘူး။၊အိမ်ထောင်စုဇယားမရှိရင် ဧည့်စာရင်းစာရွက်ပြခိုင်းတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒါပေမယ့် ဧည့်စာရင်းစာရွက်မှာ ရက်လွန်နေတာရှိရင် ဒဏ်ကြေးဆိုကာ တစ်ဦးကို ကျပ် ၃သောင်းအထိ ငွေတောင်းတာတွေ ရှိတယ်လို့လည်းစုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးရက်ပိုင်းအကြာမှာတင် စစ်ကောင်စီဟာ လူထုကို ဖိနှိပ်ဖို့အတွက် ဧည့်စာရင်းပြန်တိုင်ကြဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။