Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောက်ဥက္ကလာပရဲစခန်းတိုက်ခိုက်မှုတွင်​ သေဆုံးသွာ​သော ဒုရဲအုပ်​မှာ ဖမ်းဆီးခံရသူများအ​ပေါ် ဥပ​ဒေမဲ့ဖိနှိပ်သူဖြစ် ​ကြောင်းကိုယ်​တွေ့ကြုံဖူး​သော CDM တရားသူကြီး​ပြော

“ကျွန်တော်ကို လက်ထိပ်ခတ်ဖို့ကြိုးစားတာကို လုပ်ခွင့်မရှိကြောင်း ရဲလက်စွဲနဲ့ ရှင်းပြခဲ့ရတယ်။သူတာဝန်မှူးကျချိန်ဆို လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိတယ်။ ကြမ်းပြင်မှာ ပုံစံပေးထိုင်ခိုင်းတယ်။ သူတို့က ခုံးပေါ်ကနေ အပေါ် စီးကကြည့်တာမျိုး ဖိနှိပ်တယ်”ဟုဦးမင်းနောင်ခိုင်က ပြောသည်။

မြောက်ဥက္ကလာပရဲစခန်းတွင် ဒီဇင်ဘာ၃၁ရက်က ပစ်ခတ်မှုတွင် သေဆုံးသွား​သော ဒုရဲအုပ်သည် စစ်ကောင်စီကိုဆန့်ကျင်​သော မိန်းကလေးအချို့အပါအဝင် ဖမ်းဆီးခံရသူများကိုအချုပ်ခန်းအတွင်း ဥပဒေမဲ့ ဖိနှိပ်ခဲ့သူဖြစ်​ကြောင်း အဆိုပါရဲစခန်းတွင် ဖမ်းဆီးခံခဲ့ရဖူး​သောCDMတရားသူကြီးက​ ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်မြို့မရဲစခန်းသည် ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၇ နာရီခန့်က ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရပြီး ယင်းစခန်းမှ ဒုရဲအုပ်အောင်ကျော်ဦးသေ ဆုံးခဲ့သည်။ ဒုရဲအုပ်အောင်ကျော်ဦးသည် စစ်ကောင်စီက ဖမ်းဆီးခဲ့သည့်အာဏာရှင်ဖီဆန်ရေးပါဝင်သူများကို ရဲစခန်းအချုပ်တွင် နည်းမျိုးစုံ ဖိနှိပ်ခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည် CDM တရားသူကြီး ဦးမင်းနောင်ခိုင်က ပြောသည်။

“အဖမ်းခံရသူတွေကို မိသားစုဝင်တွေက‌ ပေးတဲ့ထမင်းတွေကို ရဲတွေက ဖြတ်ယူတယ်။ငွေတောင်းတယ်။
၅၀၅နဲ့ အဖမ်းခံရတဲ့ မိန်းကလေး တွေကို ကာအိန္ဒြေပျက်အောင် ပြုမူတယ်။သေနတ်နဲ့ချိန် ပစ်သတ်မယ်ခြမ်း‌‌ခြောက်တယ်။အဲ့ဒီထဲမှာ ဒုရဲအုပ်အောင်ကျော်ဦးဆိုသူလည်း ပါတယ်”ဟု ဦးမင်းနောင်ခိုင်က ပြောသည်။

ဦးမင်းနောင်ခိုင်သည် မိုးညိုမြို့နယ် ဒုတိယမြို့နယ် တရားသူကြီးဖြစ်ပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအတွက် CDM ပြုလုပ်ခဲ့သည့် ပထမဆုံးတရားသူကြီးဖြစ်သည်။ပုဒ်မ ၅၀၅ -က ဖြင့် စစ်ကောင်စီက အမှုဖွင့်ခဲ့၍ တိမ်းရှောင်နိုင်ရေးပြင်ဆင်နေစဉ် ၂၀၂၁ ဇွန်လ ၂၉ရက်က ဖမ်းဆီးခံလိုက်ရသည်။ ဖမ်းဆီးခံထားရစဉ် မြောက်ဥက္ကလာပ ရဲစခန်းအချုပ်၌ ဒုရဲအုပ်အောင်ကျော်ဦးနှင့် တွေ့ကြုံခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်ကို လက်ထိပ်ခတ်ဖို့ကြိုးစားတာကို လုပ်ခွင့်မရှိကြောင်း ရဲလက်စွဲနဲ့ ရှင်းပြခဲ့ရတယ်။သူတာဝန်မှူးကျချိန်ဆို လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိတယ်။ ကြမ်းပြင်မှာ ပုံစံပေးထိုင်ခိုင်းတယ်။ သူတို့က ခုံးပေါ်ကနေ အပေါ် စီးကကြည့်တာမျိုး ဖိနှိပ်တယ်”ဟုဦးမင်းနောင်ခိုင်က ပြောသည်။

ဦးမင်းနောင်ခိုင်ကို စစ်ကောင်စီက စစ်ခုံရုံးဖြင့် ထောင်ဒဏ် ၃နှစ်ချမှတ်ခံရပြီး ၂၀၂၁ အောက်တိုဘာလတွင် လွတ်ငြိမ်းဖြင့် လွတ်မြောက်လာခဲ့သည်။ ထို့နောက် တိုင်းရင်းသားဒေသတစ်ခုရှိ လွတ်မြောက်နယ်မြေသို့ ထွက်ခွာလာခဲ့ပြီး ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ၊တရားရေးဝန်ကြီးဌာန၏ တရားရေးဝန်ထမ်းများအဖွဲ့အစည်းတွင် အတွင်းရေးမှူးတာဝန်ယူထားသည်။

ဒီဇင်ဘာ ၃၁ရက်က မြောက်ဥက္ကလာပရဲစခန်းတိုက်ခိုက်ခံရမှုတွင် ဒုရဲအုပ်အောင်ကျော်ဦးဆိုသူ သေ ဆုံးခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဉီးလည်း ဒဏ်ရာရခဲ့သည်။ တိုက်ခိုက်ခံရပြီး​နောက် စစ်ကောင်စီက သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လူလေးဦးကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။