Connect with us

Hi, what are you looking for?

News

မြောက်ဥက္ကလာပရဲစခန်းတိုက်ခိုက်မှုတွင်​ သေဆုံးသွာ​သော ဒုရဲအုပ်​မှာ ဖမ်းဆီးခံရသူများအ​ပေါ် ဥပ​ဒေမဲ့ဖိနှိပ်သူဖြစ် ​ကြောင်းကိုယ်​တွေ့ကြုံဖူး​သော CDM တရားသူကြီး​ပြော

“ကျွန်တော်ကို လက်ထိပ်ခတ်ဖို့ကြိုးစားတာကို လုပ်ခွင့်မရှိကြောင်း ရဲလက်စွဲနဲ့ ရှင်းပြခဲ့ရတယ်။သူတာဝန်မှူးကျချိန်ဆို လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိတယ်။ ကြမ်းပြင်မှာ ပုံစံပေးထိုင်ခိုင်းတယ်။ သူတို့က ခုံးပေါ်ကနေ အပေါ် စီးကကြည့်တာမျိုး ဖိနှိပ်တယ်”ဟုဦးမင်းနောင်ခိုင်က ပြောသည်။

မြောက်ဥက္ကလာပရဲစခန်းတွင် ဒီဇင်ဘာ၃၁ရက်က ပစ်ခတ်မှုတွင် သေဆုံးသွား​သော ဒုရဲအုပ်သည် စစ်ကောင်စီကိုဆန့်ကျင်​သော မိန်းကလေးအချို့အပါအဝင် ဖမ်းဆီးခံရသူများကိုအချုပ်ခန်းအတွင်း ဥပဒေမဲ့ ဖိနှိပ်ခဲ့သူဖြစ်​ကြောင်း အဆိုပါရဲစခန်းတွင် ဖမ်းဆီးခံခဲ့ရဖူး​သောCDMတရားသူကြီးက​ ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်မြို့မရဲစခန်းသည် ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၇ နာရီခန့်က ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရပြီး ယင်းစခန်းမှ ဒုရဲအုပ်အောင်ကျော်ဦးသေ ဆုံးခဲ့သည်။ ဒုရဲအုပ်အောင်ကျော်ဦးသည် စစ်ကောင်စီက ဖမ်းဆီးခဲ့သည့်အာဏာရှင်ဖီဆန်ရေးပါဝင်သူများကို ရဲစခန်းအချုပ်တွင် နည်းမျိုးစုံ ဖိနှိပ်ခဲ့သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည် CDM တရားသူကြီး ဦးမင်းနောင်ခိုင်က ပြောသည်။

“အဖမ်းခံရသူတွေကို မိသားစုဝင်တွေက‌ ပေးတဲ့ထမင်းတွေကို ရဲတွေက ဖြတ်ယူတယ်။ငွေတောင်းတယ်။
၅၀၅နဲ့ အဖမ်းခံရတဲ့ မိန်းကလေး တွေကို ကာအိန္ဒြေပျက်အောင် ပြုမူတယ်။သေနတ်နဲ့ချိန် ပစ်သတ်မယ်ခြမ်း‌‌ခြောက်တယ်။အဲ့ဒီထဲမှာ ဒုရဲအုပ်အောင်ကျော်ဦးဆိုသူလည်း ပါတယ်”ဟု ဦးမင်းနောင်ခိုင်က ပြောသည်။

ဦးမင်းနောင်ခိုင်သည် မိုးညိုမြို့နယ် ဒုတိယမြို့နယ် တရားသူကြီးဖြစ်ပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအတွက် CDM ပြုလုပ်ခဲ့သည့် ပထမဆုံးတရားသူကြီးဖြစ်သည်။ပုဒ်မ ၅၀၅ -က ဖြင့် စစ်ကောင်စီက အမှုဖွင့်ခဲ့၍ တိမ်းရှောင်နိုင်ရေးပြင်ဆင်နေစဉ် ၂၀၂၁ ဇွန်လ ၂၉ရက်က ဖမ်းဆီးခံလိုက်ရသည်။ ဖမ်းဆီးခံထားရစဉ် မြောက်ဥက္ကလာပ ရဲစခန်းအချုပ်၌ ဒုရဲအုပ်အောင်ကျော်ဦးနှင့် တွေ့ကြုံခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်ကို လက်ထိပ်ခတ်ဖို့ကြိုးစားတာကို လုပ်ခွင့်မရှိကြောင်း ရဲလက်စွဲနဲ့ ရှင်းပြခဲ့ရတယ်။သူတာဝန်မှူးကျချိန်ဆို လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိတယ်။ ကြမ်းပြင်မှာ ပုံစံပေးထိုင်ခိုင်းတယ်။ သူတို့က ခုံးပေါ်ကနေ အပေါ် စီးကကြည့်တာမျိုး ဖိနှိပ်တယ်”ဟုဦးမင်းနောင်ခိုင်က ပြောသည်။

ဦးမင်းနောင်ခိုင်ကို စစ်ကောင်စီက စစ်ခုံရုံးဖြင့် ထောင်ဒဏ် ၃နှစ်ချမှတ်ခံရပြီး ၂၀၂၁ အောက်တိုဘာလတွင် လွတ်ငြိမ်းဖြင့် လွတ်မြောက်လာခဲ့သည်။ ထို့နောက် တိုင်းရင်းသားဒေသတစ်ခုရှိ လွတ်မြောက်နယ်မြေသို့ ထွက်ခွာလာခဲ့ပြီး ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ၊တရားရေးဝန်ကြီးဌာန၏ တရားရေးဝန်ထမ်းများအဖွဲ့အစည်းတွင် အတွင်းရေးမှူးတာဝန်ယူထားသည်။

ဒီဇင်ဘာ ၃၁ရက်က မြောက်ဥက္ကလာပရဲစခန်းတိုက်ခိုက်ခံရမှုတွင် ဒုရဲအုပ်အောင်ကျော်ဦးဆိုသူ သေ ဆုံးခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဉီးလည်း ဒဏ်ရာရခဲ့သည်။ တိုက်ခိုက်ခံရပြီး​နောက် စစ်ကောင်စီက သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လူလေးဦးကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။