Connect with us

Hi, what are you looking for?

News

မုံရွာမြို့ပေါ်ကင်းလှည့်နေသည့် စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်မှ သုံးဦးသေဟုဆို

အဆိုပါတိုက်ခိုက်မှုများအနက် နံနက် ၈ နာရီ ၅၀မိနစ်တွင် အဝေးထိန်းမိုင်းတစ်လုံး၊ နံနက် ၉ နာရီ ၁၇မိနစ် တွင် ထပ်မံ၍ အဝေးထိန်းမိုင်းတစ်လုံးဖြင့် မိုင်းနှစ်လုံးခွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု DRPAက ဆိုသည်။

(မုံရွာမြို့ပေါ်ရှိ လမ်းအချို့တွင် စစ်ကောင်စီတပ်များ ပိတ်ဆို့နေရာယူထားသည်ကို ၂၀၂၁အတွင်းက တွေ့ရစဥ် ၊ ပုံဟောင်းအသုံးပြုထားခြင်း ဖြစ်သည်)

မုံရွာမြို့ပေါ် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်(DRPA)က ယနေ့(ဇန်နဝါရီ ၅) ထုတ်ပြန်သည်။

ယနေ့နံနက်ပိုင်းက မုံရွာမြို့ အောင်သပြေလမ်းနှင့် အာဇာနည်လမ်းဆုံးအနီး ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများကို အဝေးထိန်းမိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုများအနက် နံနက် ၈ နာရီ ၅၀မိနစ်တွင် အဝေးထိန်းမိုင်းတစ်လုံး၊ နံနက် ၉ နာရီ ၁၇မိနစ် တွင် ထပ်မံ၍ အဝေးထိန်းမိုင်းတစ်လုံးဖြင့် မိုင်းနှစ်လုံးခွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု DRPAက ဆိုသည်။

“မြေပြင်တာဝန်ခံ၏ သတင်းပေးပို့ချက်အရ ဖက်ဆစ်တပ်ဘက်မှ ငါးဦးခန့်အထိသေဆုံးနိုင်ကြောင်း၊ လက်ရှိအတည်ပြုထားသည်မှာ သုံးဦးဖြစ်ကြောင်းနှင့် ကင်းအဖွဲ့အများစုထိခိုက်ဒဏ် ရာရသွားခဲ့ကြောင်း သတင်းရရှိပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုကို အာဏာရှင်တော်လှန် ရေးပြည်သူ့တပ်မတော်(DRPA)၏ ​မုံရွာမြို့နယ် မြို့ပြပျောက်ကြားတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook