Connect with us

Hi, what are you looking for?

News

ငါန်းဇွန်မြို့မှ တံတားဦးဘက်သို့ ထွက်လာသောစစ်ကောင်စီတပ်ယာဥ်တစ်စီးကို မိုင်းခွဲတိုက်ခိုက်ခံရ၊ သုံးဦးသေ တစ်ဦးဒဏ်ရာရဟုဆို

“ခြောက်ဖွဲ့ပူးပေါင်းပြီး ပျောက်ကြားမိုင်းဆွဲတာပါဗျ။ သုံးကောင်သေပြီး တစ်ကောင် ဒဏ်ရာရလို့ခန့်မှန်းပါတယ်”ဟု YFPDF မှ တိုက်ခိုက်ရေးတာဝန်ခံ ကိုဒေးက ပြောသည်။

ငါန်းဇွန်မြို့မှ တံတားဦးမြို့ဘက်ထွက်လာသည့် စစ်ကောင်စီတပ်မှ ယာဥ်တစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Young Fighter People’s Defence Force Of Myaung(YFPDF)နှင့် မဟာမိတ်(၆)ဖွဲ့က ယနေ့ (ဇန်နဝါရီ ၅)ထုတ်ပြန် သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကားမိုင်းထိမှန်ပြီး စစ်ကောင်စီတပ်သား သုံးဦးထက်မနည်း သေဆုံးကာ တစ် ဦးဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ခြောက်ဖွဲ့ပူးပေါင်းပြီး ပျောက်ကြားမိုင်းဆွဲတာပါဗျ။ သုံးကောင်သေပြီး တစ်ကောင် ဒဏ်ရာရလို့ခန့်မှန်းပါတယ်”ဟု YFPDF မှ တိုက်ခိုက်ရေးတာဝန်ခံ ကိုဒေးက ပြောသည်။

အထက်ပါတိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(Myaung People`s Defense Force TGR)၊ Young Fighters People’s Defence Force of Myaung(YFPDF)၊ ငါန်းဇွန်ပကဖတို့ဦး​​ဆောင်၍ NZ FIVE STARအဖွဲ့၊ တော်ဝင်ဒေဝီ(ငါန်းဇွန်)၊ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဖောက်ခွဲခဲ့ခြင်း ဖြစ် သည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၃ ရက်ကလည်း အဆိုပါမဟာမိတ်အဖွဲ့များမှ တံတားဦးမှ ထွက်လာသည့် စစ်ကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးခန့် သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။