Connect with us

Hi, what are you looking for?

LuduNwayOo

News

ငါန်းဇွန်မြို့မှ တံတားဦးဘက်သို့ ထွက်လာသောစစ်ကောင်စီတပ်ယာဥ်တစ်စီးကို မိုင်းခွဲတိုက်ခိုက်ခံရ၊ သုံးဦးသေ တစ်ဦးဒဏ်ရာရဟုဆို

“ခြောက်ဖွဲ့ပူးပေါင်းပြီး ပျောက်ကြားမိုင်းဆွဲတာပါဗျ။ သုံးကောင်သေပြီး တစ်ကောင် ဒဏ်ရာရလို့ခန့်မှန်းပါတယ်”ဟု YFPDF မှ တိုက်ခိုက်ရေးတာဝန်ခံ ကိုဒေးက ပြောသည်။

ငါန်းဇွန်မြို့မှ တံတားဦးမြို့ဘက်ထွက်လာသည့် စစ်ကောင်စီတပ်မှ ယာဥ်တစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Young Fighter People’s Defence Force Of Myaung(YFPDF)နှင့် မဟာမိတ်(၆)ဖွဲ့က ယနေ့ (ဇန်နဝါရီ ၅)ထုတ်ပြန် သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကားမိုင်းထိမှန်ပြီး စစ်ကောင်စီတပ်သား သုံးဦးထက်မနည်း သေဆုံးကာ တစ် ဦးဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ခြောက်ဖွဲ့ပူးပေါင်းပြီး ပျောက်ကြားမိုင်းဆွဲတာပါဗျ။ သုံးကောင်သေပြီး တစ်ကောင် ဒဏ်ရာရလို့ခန့်မှန်းပါတယ်”ဟု YFPDF မှ တိုက်ခိုက်ရေးတာဝန်ခံ ကိုဒေးက ပြောသည်။

အထက်ပါတိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(Myaung People`s Defense Force TGR)၊ Young Fighters People’s Defence Force of Myaung(YFPDF)၊ ငါန်းဇွန်ပကဖတို့ဦး​​ဆောင်၍ NZ FIVE STARအဖွဲ့၊ တော်ဝင်ဒေဝီ(ငါန်းဇွန်)၊ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဖောက်ခွဲခဲ့ခြင်း ဖြစ် သည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၃ ရက်ကလည်း အဆိုပါမဟာမိတ်အဖွဲ့များမှ တံတားဦးမှ ထွက်လာသည့် စစ်ကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးခန့် သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။