Connect with us

Hi, what are you looking for?

News

မတူပီ-ဟားခါးလမ်းအနီး CDFနှင့် စစ်ကောင်စီတပ် ထပ်မံ တိုက်ပွဲဖြစ်

ဇန်နဝါရီ ၄ရက်ကလည်း မတူပီ -ဟားခါးလမ်းပေါ်ရှိ ဖနိုင်နှင့် ငလိုင်ရွာကြားတွင် စစ်ကောင်စီတပ်ကို CDFက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၃ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

ချင်းပြည်နယ် မတူပီ – ဟားခါးလမ်းအနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ယနေ့ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြောင်း မတူပီချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF)က ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၆ရက်)နံနက် ၉နာရီ ၁၅မိနစ်မှစ၍ မတူပီ-ဟားခါးလမ်း အနီး ကီလှုန်းနှင့် လုံလှော်ရွာ ကြားတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း၊ တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း CDFက ဆိုသည်။

ဇန်နဝါရီ ၄ရက်ကလည်း မတူပီ -ဟားခါးလမ်းပေါ်ရှိ ဖနိုင်နှင့် ငလိုင်ရွာကြားတွင် စစ်ကောင်စီတပ်ကို CDFက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၃ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ထားသည်။

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခြင်းကြောင့် အရပ်သား ပြည်သူများအနေဖြင့် တောထွက်အမဲလိုက်ခြင်း၊ ချောင်းသွားခြင်း၊ ညအချိန်သွားလာခြင်းများ လုံး၀ မပြုလုပ်ရန် မတူပီ CDFက အသိပေးထုတ်ပြန်ထား သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။