Connect with us

Hi, what are you looking for?

News

နှမ်းခါးရွာမှ အပြစ်မဲ့ပြည်သူခြောက်ဦး စစ်ကောင်စီတပ်သားများ ရိုက်သတ်၍ သေဆုံးခဲ့ဟု ထုတ်ပြန်

နှမ်းခါးရွာမှ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ဖမ်းဆီးရိုက်နှက်သတ်ဖြတ်မှုကြောင့် သေဆုံးသူများမှာ မတ်လတွင် တစ်ဦး၊ ဒီဇင်ဘာတွင် လေးဦးနှင့် ယခုလ(ဇန်နဝါရီ)တွင် တစ်ဦး စုစုပေါင်း သေဆုံးပြည်သူ ​ခြောက်ဦးရှိပြီ ဖြစ်သည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာမှ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်စစ်​ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လျှက်ရှိရာ ယမန်နေ့(ဇန်နဝါရီ ၈)အထိ ​ဒေသခံပြည်သူ ​ခြောက်ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း နှမ်းခါးလူငယ်အဖွဲ့မှ ယနေ့(ဇန်နဝါရီ ၉)ထုတ်ပြန်သည်။

ယမန်နေ့က ​ခြောက်ဦးမြောက် ထပ်မံသေဆုံးသွားသည့် ၆၃ နှစ်အရွယ် ဦးပေတုံးဆိုသူမှာ စွံအနားမကြားသူတစ်ဦးဖြစ်ပြီး နှမ်းခါးလူငယ်အဖွဲ့နှင့် ကူညီပေးသူများက ရိုက်နှက်ခံထားရသူ ဦးပေတုံးအား ဒီဇင်ဘာ ၃၀ ရက်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် စစ်ကောင်စီတပ်များ ဖမ်းဆီးရိုက်နှက်ထားသည့် ဦးပေတုံးကိုယ်ပေါ်မှ ဒဏ်ရာများမှာ ပြင်းထန်သဖြင့် ဆေးကုသမှုပေးနေစဥ် ယမန်နေ့က သေဆုံးသွားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

နှမ်းခါးရွာမှ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ဖမ်းဆီးရိုက်နှက်သတ်ဖြတ်မှုကြောင့် သေဆုံးသူများမှာ မတ်လတွင် တစ်ဦး၊ ဒီဇင်ဘာတွင် လေးဦးနှင့် ယခုလ(ဇန်နဝါရီ)တွင် တစ်ဦး စုစုပေါင်း သေဆုံးပြည်သူ ​ခြောက်ဦးရှိပြီ ဖြစ်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် နှမ်းခါးဒေသခံများအား ဖမ်းဆီးရိုက်နှက်သတ်ဖြတ်ယုံသာမက ပြည်သူပိုင်နေအိမ်များကိုလည်း အကြိမ်ကြိမ် မီးရှို့ဖျက်စီးမှုများ ကျူးလွန်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်