Connect with us

Hi, what are you looking for?

LuduNwayOo

News

နှမ်းခါးရွာမှ အပြစ်မဲ့ပြည်သူခြောက်ဦး စစ်ကောင်စီတပ်သားများ ရိုက်သတ်၍ သေဆုံးခဲ့ဟု ထုတ်ပြန်

နှမ်းခါးရွာမှ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ဖမ်းဆီးရိုက်နှက်သတ်ဖြတ်မှုကြောင့် သေဆုံးသူများမှာ မတ်လတွင် တစ်ဦး၊ ဒီဇင်ဘာတွင် လေးဦးနှင့် ယခုလ(ဇန်နဝါရီ)တွင် တစ်ဦး စုစုပေါင်း သေဆုံးပြည်သူ ​ခြောက်ဦးရှိပြီ ဖြစ်သည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာမှ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်စစ်​ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လျှက်ရှိရာ ယမန်နေ့(ဇန်နဝါရီ ၈)အထိ ​ဒေသခံပြည်သူ ​ခြောက်ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း နှမ်းခါးလူငယ်အဖွဲ့မှ ယနေ့(ဇန်နဝါရီ ၉)ထုတ်ပြန်သည်။

ယမန်နေ့က ​ခြောက်ဦးမြောက် ထပ်မံသေဆုံးသွားသည့် ၆၃ နှစ်အရွယ် ဦးပေတုံးဆိုသူမှာ စွံအနားမကြားသူတစ်ဦးဖြစ်ပြီး နှမ်းခါးလူငယ်အဖွဲ့နှင့် ကူညီပေးသူများက ရိုက်နှက်ခံထားရသူ ဦးပေတုံးအား ဒီဇင်ဘာ ၃၀ ရက်တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့သော် စစ်ကောင်စီတပ်များ ဖမ်းဆီးရိုက်နှက်ထားသည့် ဦးပေတုံးကိုယ်ပေါ်မှ ဒဏ်ရာများမှာ ပြင်းထန်သဖြင့် ဆေးကုသမှုပေးနေစဥ် ယမန်နေ့က သေဆုံးသွားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

နှမ်းခါးရွာမှ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ဖမ်းဆီးရိုက်နှက်သတ်ဖြတ်မှုကြောင့် သေဆုံးသူများမှာ မတ်လတွင် တစ်ဦး၊ ဒီဇင်ဘာတွင် လေးဦးနှင့် ယခုလ(ဇန်နဝါရီ)တွင် တစ်ဦး စုစုပေါင်း သေဆုံးပြည်သူ ​ခြောက်ဦးရှိပြီ ဖြစ်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် နှမ်းခါးဒေသခံများအား ဖမ်းဆီးရိုက်နှက်သတ်ဖြတ်ယုံသာမက ပြည်သူပိုင်နေအိမ်များကိုလည်း အကြိမ်ကြိမ် မီးရှို့ဖျက်စီးမှုများ ကျူးလွန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။