Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘရာဇီးမှာ အပန်းဖြေ လှေတွေပေါ် ကျောက်ဆောင်ပြိုကျလို့ ၇ ဦးထက်မနည်းသေဆုံး

ရေအိုင်ထဲမှာ လှေငယ်လေးတွေ စီးနင်းပြီး ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တွေ စုဝေးနေချိန်မှာ ဧရာမ ကျောက်ဆောင်ကြီးတစ်ခု ပြိုကျလာတာ ဖြစ်ပါတယ်။

ဘရာဇီး နိုင်ငံက ရေတံခွန် တစ်ခုမှာ အပန်းဖြေ လှေငယ်တွေပေါ် ကျောက်ဆောင်ကြီးတစ်ခု ပြိုကျပြီး လူ ၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

မီနက်စ်ဂီရိုင်စ် ပြည်နယ်မှာရှိတဲ့ ရေအိုင်တစ်ခုမှာ ရေတံခွန်တွေ စီးကျပြီး သဘာဝ ရှုခင်း လှပတာကြောင့် လာရောက် အပန်းဖြေသူတွေ စည်ကားနေလေ့ ရှိပါတယ်။ ရေအိုင်ထဲမှာ လှေငယ်လေးတွေ စီးနင်းပြီး ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တွေ စုဝေးနေချိန်မှာ ဧရာမ ကျောက်ဆောင်ကြီးတစ်ခု ပြိုကျလာတာ ဖြစ်ပါတယ်။

လှေတစ်စီးပေါ်က ရိုက်ယူထားတဲ့ ဗီဒီယိုမှာတော့ ကျောက်ချပ်ကြီး တစ်ချပ်ဟာ အောက်တည့်တည့်က လှေတွေပေါ် တည့်တည့် ပိကျသွားတာ တွေ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် လူ ၇ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး နောက်ထပ် ၃ ဦး ပျောက်ဆုံးနေပါတယ်။ ဒဏ်ရာရသူ ၃၂ ဦးထက်မနည်း ရှိခဲ့ပြီး လှေ ၁ စီး နစ်မြုပ်သွားပါတယ်။ ကျန်တဲ့ လှေတွေကတော့ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ လွင့်စဉ်လာတဲ့ ကျောက်တုံး အစအနတွေ ထိမှန်လို့ လှေ ၃ စီးမှာ အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။

လတ်တလောမှာတော့ ရေကန်တဝိုက်ကို ဝင်ထွက်သွားလာခွင့် ပိတ်ထားပြီး ပျောက်ဆုံးနေသူတွေကို လိုက်လံ ရှာဖွေနေပါတယ်။ ဘရာဇီး ရေတပ်က ရေငုပ်သမားတွေပါ အခင်းဖြစ်ရာ နေရာတဝိုက်မှာ အလုပ်များနေတာ တွေ့ရပါတယ်။ မူလက ပျောက်ဆုံးသူ ၁၂ ဦးထိ ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဆေးရုံရောက်နေသူ စာရင်းတွေကို စိစစ်ပြီးချိန်မှာတော့ ၃ ဦးသာ ပျောက်ဆုံးကြောင်း အာဏာပိုင်တွေက ပြင်ဆင် ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ဘရာဇီးမှာ စွန့်စားမှု ခုံမင်သူတွေ အပျော်တမ်း ခုန်ချကြတဲ့ တံတားတစ်စင်းမှာ ဝန်ထမ်းတွေက လုံခြုံရေးကြိုး ချည်ဖို့ မေ့သွားလို့ အမျိုးသမီးငယ် တစ်ဦး ပြုတ်ကျ သေဆုံးသွားတဲ့ ဖြစ်စဉ်အပေါ် ရဲတွေက စုံစမ်းနေပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။